အခန်း (၂) ရေကြီးခြင်း/ အခန်း (၂) ရေကြီးခြင်း

Start from the beginning
                                    

ပေါင်းပင် : ငါ ....... ငါ ..... ငါကမင်းကိုနှစ်သိမ့်ပေးချင်တာပါ
မငိုပါနဲ့ကွာ ... အာ ........

ပေါင်းပင်ရဲ့ရေထဲမှာယိမ်းထိုးနေတဲ့အရွက်တွေကို ပြောင်းဖူးပင်လေးက ဖမ်းမိသွားပြီး ဂရုတစိုက်နဲ့ထိလိုက်သည်။ : (ဂျွတ်ထိုးလျက်) မင်း ငါ့ကိုနောက်နေတာလား .... အဲ့ဒီ့ပြောင်းဖူးပင်အုပ်စုကတောင် ငါ့ကိုလျစ်လျူရှုထားတာ ... မင်းက ပိုကောင်းတယ်၊ မင်းကနှစ်လည်းနှစ်သိမ့်ပေးတယ်။ (ဂျွတ်ထိုးလျက်) ငါဘယ်လိုလုပ် မင်းကိုဒေါသထွက်ရမှာလဲ ....

ပေါင်းပင်လေးက ရေထဲမှာပူဖောင်းတွေမှုတ်ထုတ်လိုက်ပြီး ပျော်ရွင်စွာပြောလာခဲ့သည်။ : ဟီးဟီး ~ မင်းတကယ်စိတ်ဆိုးသွားတယ်လို့ ငါထင်နေတာ 

ရက်အနည်းငယ်ကြာပြီးနောက် လယ်ထဲရေတွေဟာလည်း လျော့ပါးသွားပြီး ကောက်ပဲသီးနှံပင်တော်တော်များများလည်း အသက်ရှင်ကြသည်။ လယ်သမားဦးလေးကြီးလည်း တင်းကြပ်နေတဲ့စိတ်တွေသက်သာရာရသွားပြီး အနည်းဆုံးတော့ ဂျုံ၊ စပါးခင်းတွေ တစ်ပင်မှရိတ်သိမ်းဖို့မကျန်တဲ့အထိတော့ မဟုတ်ပေ။

ပြောင်းဖူးပင်သေးလေးကတော့ သေးမြဲသေးနေပြီး ပေါင်းပင်ကတော့ ပြောင်းဖူးပင်သေးလေးထက်တောင် အနည်းငယ်ပိုရှည်လာသေးသည်။

***

ချစ်စရာလေး ≧▽≦

••••

ဒီနှစ်တော့ ရာသီဥတုပုံမှန်မရှိချေ။ ခဏကြာသာရွာတဲ့မိုးဝင်လာချိန်မှာ ပေါင်းပင်တွေက  အရင်ကလိုပဲမြန်မြန်လာပြီး မြန်မြန်ပြီးသွားကြမယ်လို့ တွေးကြတယ်။ နေ့ရောညပါ ပြင်းပြင်းထန်ထန် သည်းသည်းမည်းမည်း ရွာလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးပေ။ လယ်ကွင်းထဲကရေတွေဟာ လုံးဝမမောပန်းကြချေ။ (ရေတွေပြည့်လာတယ်လို့ပြောချင်တာပါ) ကောက်ပဲသီးနှံတွေဟာလည်း ရေကြီးမှုကြောင့်သေကုန်ကြသည်။ လယ်သမားတွေဟာလည်း မတတ်နိုင်စွာနဲ့ပဲ အကူအညီမဲ့စွာ
ကြည့်နေကြရသည်။ ဘေးရွာက ရေကြီးခဲ့ပြီးပြီ။ ကံကောင်းစွာနဲ့ပဲ ဒီရွာရဲ့အမြင့်ဟာ ဘေးရွာထက်ပိုမြင့်နေသည်။

သည်းလာတဲ့မိုးဟာဆက်လက်ရွာနေပြီး သစ်ရွက်တွေကို ထိသွားတဲ့အသံတွေဟာ အရမ်းကိုဆူညံတဲ့အသံတွေဖြစ်ပေါ်စေ၏။

It's Okay, I'll take care of you {MM Trans} ✔️Where stories live. Discover now