♥1💙

4.2K 174 3
                                    

Unicode
Open your heart

                           💙1♥

        ဟုန်းနီတောင်။ ကျောင်းသားကျောင်းသူများအားလုံး ဟုန်နီးဆရာ၏လက်အောက်မှာနေလျက် ပျော်ရွှင်နေကြသည်။ မနက်ဆို စာသင်ခန်းထဲ ပျော်ပျော်ပါးပါးဝင်သည်။ ညနေဆို စာကြည့်ဆောင်များ၊ တောင်၏လှပသော ရှုခင်းရှိရာနေရာများတွင် ပျော်ပျော်ပါးပါး ပြေးလွှားနေကြ၏။

        ဆောင်းရောက်ခါနီးပြီမို့ နှင်းမှုန်လေးများ မသိမသာ ကျဆင်းနေ၏။ ဟုန်းနီတောင်၏နေရာအနှံ့မှာ ကျောင်းသားများ အနွေးဝတ်ရုံကိုယ်စီနဲ့ စာသင်ဆောင်ဆီ သွားနေကြသည်။ မိမိနှစ်သက်ရာ ဘာသာကို သင်ကြားနိုင်တာကြောင့် ဘာသာရပ်သင်ကြားရာ နေရာတစ်နေရာစီတွင် ကျောင်းသားအနည်းငယ်သာ ရှိလေ၏။

        လန်ရှန်း ။ လန်နိုင်ငံက ဒုတိယသခင်လေးဖြစ်ပြီး ရုပ်ရည်ချောမောလွန်းတာက မိန်းကလေးကော ယောကျ်ားလေးများပါ ရှိန်လောက်သည့် ရုပ်ရည်မျိုး။ အသားဖြူဖြူ၊ မျက်ခုံးထူထူနှစ်ခုက သွယ်တန်းလျက် ပိရိသော နှုတ်ခမ်းတစ်စုံကိုလည်း ပိုင်ဆိုင်ထားသူမို့ သူ၏ချောမောမှုကို ဘယ်သူမှ မငြင်းဆန်နိုင်ပေ။

       ထိုထဲတွင် သွတ်သွတ်လတ်လတ်နဲ့ ချောမောတဲ့ ကောင်လေးတစ်ယောက်လည်း အပါအဝင်ပင်။ သူ့နာမည်က သို့ယွင်။ ဓားသွားလို့အမည်ရသောသူဖြစ်သည်။ ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့သူဖြစ်သော်လည်း ငွေလင်းယုန် ငါးကောင်ထဲက တစ်ဦးဖြစ်လာ၏။

       ကျန်သောသူများမှာ ဝူကျုံ့အန့် (သူခိုးဝိဇ္ဇာအဖြစ်ထင်ရှားသူ)၊ ကျင့်ဟုန် (မြှားနတ်သမီးအဖြစ်ထင်ရှားသူ) ၊ အစ်စဘယ် (စကြာမယ်) ၊ လျိုဝမ်ကျူး (အဆိပ်နဲ့ဖြေဆေးသခင်)တို့ ဖြစ်လေသည်။ မခွဲအတူ သူငယ်ချင်းအဖွဲ့ဖြစ်၏။

       ယခုလည်း စာသင်ဆောင်ဆီသို့ အတူတူလျှောက်လာခဲ့သည်။ ဟုန်းနီတောင်က အင်မတန်လှပသလောက် နေရာထိုင်ခင်းတွေကလည်း သေသပ်သည်။ စာသင်ဆောင်ထဲ စားပွဲပုလေးများ တစ်ခုံစီကို တန်းစီကာချထား၏။ သို့ယွင်တစ်ယောက် အရှေ့စူးစူးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

Open your heart (Complete)Where stories live. Discover now