Chapter 7.2 (Zawgyi)

Start from the beginning
                                    

"အစ်ကိုလီ...ကျွန်တော်တောင်းပန်ပါတယ်..."

"ချန်းရှို့...မင်းတောင်းပန်စရာမလိုဘူးလေ။ ဒါမင်းအမှားမှ မဟုတ်တာ။ကိုယ် မနေ့က ကိစ္စအများကြီး စဉ်းစားကြည့်ခဲ့တယ်။ ကိုယ့်မိဘတွေ အသက်ကြီးလာတဲ့အကြောင်း၊ ဒီဖြစ်ရပ်အကြောင်းရော စဉ်းစားကြည့်ခဲ့တယ်။ဒါက ကိုယ့်ကိုလမ်းကြောင်းပြနေတဲ့ ကံအကြောင်းတရားလည်း ဖြစ်ချင်ဖြစ်မယ်။ကိုယ့်အတွက် USမှာ အချိန်အတိုင်းအတာတစ်ခုလောက်ထိ နေရဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ အခု ကိုယ့်မှာ မင်းကိုမေးချင်နေတဲ့မေးခွန်းတစ်ခုနဲ့ ကြားချင်နေတဲ့အဖြေတစ်ခု ရှိတယ်။"

"ဘာများလဲ"

"မင်း USကို လာချင်တဲ့ဆန္ဒရှိလား"

ဖုန်းရဲ့တစ်ဖက်က စကားသံက ငြိမ်ကျသွားသည်။

လီရှော့ သည်လက်တစ်ဖက်နဲ့မျက်လုံးများကို အုပ်ထားမိသည်။ ဒီမေးခွန်းကိုမေးဖို့ သူ့ရဲ့သတ္တိတော်တော်များများကို ထုတ်သုံးလိုက်ရသည်။သူတို့နှစ်ယောက်ကခုထိ ခိုင်မာတဲ့ Relationshipတစ်ခုလို မတိုးတက်သေးမှန်း သူကောင်းကောင်းသဘောပေါက်ထား၏။။သူ့အပေါ်မှာ လီချန်းရှို့က ချစ်ခြင်းတရားထပ် ကျေးဇူးသိစိတ်က အလေးသာနေမှန်းလည်း သူသိသည်။

"ဒါကြီးက ဆုံးဖြတ်ချက်ချဖို့ သိပ်ကြီးလွန်းတဲ့ကိစ္စဆိုတာ ကိုယ်သိပါတယ်။မင်းဘဝကိုလည်း ပြန်စရမယ်။ မင်းရင်းနှီးနေတဲ့ ပတ်ဝန်းကျင်ကိုလည်း စွန့်ခွာခဲ့ရမယ်ဆိုတော့ ဒီဆုံးဖြတ်ချက်က ဘယ်သူမဆို ခက်ခဲနေမှာပါပဲ။ ဒါပေမဲ့လည်း မင်းသာသဘောတူရင်လေ အရာအားလုံးကိုကျော်လွှားနိုင်မှာပါ။ ဘာသာစကားအတာအဆီး၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေ အလုပ်အကိုင်တွေ အရာအားလုံးကို ကျော်လွှားနိုင်မှာ။ ကိုယ် ဒီမှာရှိနေမှာမို့ မင်းလုပ်ရမှာက သဘောတူလိုက်ဖို့ပါပဲ"

"ကျွန်တော်...ကျွန်တော် မသိတော့ဘူး"

"အရင်ဆုံး မင်းရဲ့ ဗီဇာရအောင်ကူညီပေးဖို့ကိုယ့်လက်ထောက်ကို ပြောထားလိုက်မယ်။ အဲ့ဒီအချိန်မှာ မင်းသေချာစဉ်းစားကြည့်ပေါ့။ လေယာဉ်ပေါ်မတက်ခင်ထိ မင်းမှန်တယ်ထင်ရင် နောက်ဆုတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ USမှာ မင်းကို ပွေ့ဖက်ထားနိုင်မယ့် တစ်ရက်ရက်ကိုတော့ ကိုယ်တကယ်မျှော်လင့်မိတယ်"

**************

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now