Bad Boy - 64

Mulai dari awal
                                    

" ရီပေါ် ......ကလေး ဒီနေ့မညှပ်လို့ မရ ဘူးလားဟင် ? ။ ကိုကို စိတ်ထဲလေးတေးတေးလေး ဖြစ်နေလို့ ။"

" အာ .....ကိုကိုရာ။ ဘာမှ မဖြစ်ပါဘူး .....ကျွန်တော် ဒီနေ့ ရက်ကြည့်ထားတယ် ။ ရက်ရာဇာတဲ့ ‌ကိုကို ။
အားလုံး အဆင်ပြေမှာပါ ။ " ဟုဆိုရင်း ရှောင်ကျန့်၏ နှုတ်ခမ်းမွှေးများအား ဦးစွာရိတ်ပေးနေသော ရီပေါ်ကြောင့် ဘယ်နေ့ဓါးရှမလဲနှင့် ရှောင်ကျန့်မှာ ဘုရားတရသည်။ အစကနေ အဆုံးထိ ရိတ်ပေးရာ အဆင်ပြေနေသော်လည်း နောက်ဆုံးတစ်ချက်တွင်
ရှောင်ကျန့်၏ပါးအား လျှပ်တစ်ပျက်ကြီး ခိုးနမ်းသော ရီ‌ပေါ်ကြောင့် 
လက်ချောသွားသော ပလိပ်ဓါးလေးက  ရှောင်ကျန့်၏ပါးတွင် ဓါးရှရာပါးပါးလေး  ထင်းသွားစေ‌လေသည်။

"အ ! " ဟုဆိုကာ ရှောင်ကျန့်က သူ၏ပါးအား လက်လေးဖြင့် ဖုံးထားတော့ ရီပေါ်က ဘာဖြစ်တာလဲ
ဟူ‌သော ပုံစံဖြင့် ရှောင်ကျန့်၏လက်‌လေးအားဖယ်၍ ကြည့်လိုက်ရာ ...............

ပါးပြင်တွေ ထွက်နေသော သွေးအချို့ ။ တောက်လျှောက် ယိုကျနေသည်မဟုတ်ပေမဲ့ သွေးပူနေသည်အတွက် သွေးအနည်းနှင့်အများ
မျှတစွာ ထွက်လာလေသည်။

ရှောင်ကျန့်ဒဏ်ရာရသွားသည့်အတွက်ကြောင့်
ပြူးတူးပြာတာဖြင့် ရေဇလားနှင့် ဆေးပလာစတာအစုံယူကာ ပြေးလာသော ရီပေါ် ။ ဘယ်လောက်ပင် စိုးရိမ်ကာ လောနေသည်ကို မသိ ။
ပုံမှန်သွားလာနေကြပင်ဖြစ်သော လမ်းအဖုအထစ်ကိုပင် ခလုတ်တိုက်ကာ မှောက်ရက် လဲကျ‌သောကြောင့် ရှောင်ကျန့်ကပင် အပြေး‌ထကာ ပြန်ထူးပေးနေရလေသည်။

"ဪ ! ...ကလေးရယ် ။ ဖြည်းဖြည်းလာလည်း
ရပါတယ် ..... မလောနဲ့လေ ။ ခုတော့ကြည့် ပြုတ်ကျပြီပေါ့ ။ " ဟုဆိုပြီး ရီပေါ်ကိုယ်လေးကို ထူကာ အနီးအနားတွင်ရှိနေသော ‌နေရာတစ်ခုတွင် ဝင်ထိုင်လိုက်လေသည်။

"အား ! .....ကိုကို စပ်တယ် ။ "

" သည်းခံထား.....ကိုကို ဆေးလိမ်း‌ပေးတာ
ပြီးတော့မယ် ။"

"အင်း " ဟုဆိုကာ မျက်ရည်များဝဲလျှက် တစ်ချက်တစ်ချက် တွန့်ဆုတ်သွားသော ရီပေါ်၏တံတောင်ဆစ်လေးကို ရှောင်ကျန့်က နှုတ်ခမ်းလေးဆူကာ ဖြည်းဖြည်းချင်းဆီ လေမှုတ်ပေးလေသည်။

BAD BOYTempat cerita menjadi hidup. Temukan sekarang