အမလေးဒီအဒေါ်ဖြစ်သူက ငြိုငြင်စရာလား။ ဒီတူလေးတစ်ယောက်ရှိတာ သားရန်ကုန်ရောက်လာလို့ ဒေါ်လေးကတောင် ကျေးဇူးတင်နေတာ။ သားအတွက်ပင်ပန်းလို့ပြောတာပါကွယ်။ သားသာဒေါ်လေးနဲ့တစ်သက်လုံးနေလဲ ဘာမှမဖြစ်ပါဘူး။

ဒေါ်လေးနဲ့တော့သားတစ်သက်လုံးမနေနိုင်ပါဘူးနော်။ သားကမိန်းမယူရအုံးမှာ မိန်းမယူပြီးဒေါ်လေးအိမ်မှာနေမလို့စဥ်းစားထားတယ်။

"တယ် ဒီကောင်လေးအရွယ်ဖြင့်မရောက်သေးဘူး မိန်းမယူဖို့စဥ်းစားနေတာလား။ သားရဲ့မိန်းကလေးက ဒေါ်လေးသဘောတူတဲ့သူမျိုးမှ ရမှာနော်သားjay။"

ဒါဆိုဒေါ်လေးဆိုင်သွားတော့မယ်။ အုပ်ဆောင်းထဲမှာ မနက်စာပြင်ပေးခဲ့တယ်။ ဂစ်တာတီးသီချင်းကြည့်ဆိုမနေနဲ့အုံး။ စာလေးဘာလေးကျက်အုံးနော်။

ဆိုင်ဖွင့်တာနောက်ကျလို့ ဒေါ်လေး customer တွေလျော့ကုန်အုံးမယ်။ သားအတွက်စိတ်မပူနဲ့ မနက်စာစားပြီးရင် စာကျက်မယ်။ ဒီနေ့ကအလုပ်မရှိဘူးလေ။ တနေကုန်အိမ်မှာပဲရှိနေမှာဆိုတော့ စာလဲကျက်မယ် ၊ဂစ်တာလဲတီးမယ်၊သီချင်းလဲဆိုမယ်လေ မဟုတ်ဘူးလားဒေါ်လေး။

ထက်နဒီလွင် ဖုန်းလိပ်စာကဒ်ကိုထုတ်ကာ ဂဏာန်းအချို့ကိုနိပ်ကာ ဖုန်းခေါ်ဆိုလိုက်သည်။ ဖုန်းဝင်ပြီးခနကြာတာနဲ့ တစ်ဖက်မှဖုန်းဖြေသံကိုကြားရလေသည်။

ဟယ်လို part time date company မှကြိုဆိုပါတယ်ရှင်။ ဘာများဝန်ဆောင်မှု့ပေးရမလဲရှင့်။

တစ်ဖက်မှဖုန်းဖြေဆိုသော မိန်းကလေး၏အသံချိုသာကြည်လွင်စွာကြားရလေသည်။ ဒီတစ်ပတ်ပိတ်ရက်အတွက် ကြိုတင်ဘိုကင်လုပ်ထားချင်လို့ပါရှင့်။

"ဟုတ်ကဲ့ပါရှင်
အမည်ရယ်၊လိပ်စာရယ်ပေးခဲ့လို့ရမလားရှင့်။ တွေ့ဆုံမှု့ကိုကော ဘယ်မှာများချိန်းဆိုချင်ပါသလဲရှင်။ ဝန်ဆောင်ခကကော ဘယ်လိုပေးချေမှာပါသလဲရှင်။"

"နာမည်ကတော့"မင်း" လိပ်စာကတော့(......)ပါ။ ကျွန်မအတွက် jayဆိုတဲ့ကောင်လေးကိုပဲ လွှတ်ပေးလိုက်ပါ။ တစ်ဆက်ထဲ ဘယ်သူ ဘယ်ဝါဆိုတာကိုပါ မပြောစေချင်ဘူး။ ငွေချေတာကတော့ ကျွန်မဖက်က ကဒ်ထဲကို လွှဲပြောင်းပေးရင် ရတယ်မလားဗျ။ ထက်နဒီလွင်တစ်ယောက် မင်းသွေးခန့်မသိအောင် တိတ်တဆိတ်စီစဥ်ပေးကာ dateစေလေသည်။ အပြစ်ပေးမယ်ဆိုလဲ မတက်နိုင်ဘူးလေ။ "

ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်Where stories live. Discover now