"အရမ်းအနားမယူပါနဲ့နော် ။ ကိုယ် လွမ်းလှပြီး ။ "

မိုးတွေရွာပြန်ပြီး ။ လက်ထက်ကာစက မိုးချုံးတိုင်း
အနားကပ်ပြီး အတင်းတိုးဖက်တဲ့ ချစ်ရသူကို လွမ်းမိပြန်လေတော့ ......ပါးထက်မှ မျက်ရည်က ကျမိပြန်လေသည်။

"သိပ်လွမ်းတယ် "

သုံးနှစ်ရှိပြီး ။ မွေးနေ့ကို တစ်ယောက်ထဲ ဖြတ်သန်းနေရတာ ။ ချစ်ရသူနှင့်အတူ ရှိတဲ့မွေးနေ့တိုင်းမှာ ပျော်ရွှင်ရပေမဲ့ ချစ်ရသူက အနားမရှိတဲ့အခါကျ ဖြည်မဆည်နိုင်လောက်အောင် အသည်းထဲကနေ လွမ်းမိပြန်လေတော့ ......

" ငါမကောင်းလို့ ။ ငါ့ကြောင့် ...ငါ စောက်သုံးမကျလို့ ။ ငါက ဘာမှအဖြစ်မရှိလို့ ။ " ဟုဆိုရင်း ကိုယ်ကိုယ်တိုင် ကိုယ့်အသားနာအောင်
ပြန်လုပ်မိလေသည်။

ထောင်ထဲမှာ ပင်ပန်းလွန်း၍ ဖျားတော့ အနားမရှိသည့် ချစ်ရသူကို တမ်းတမ်းတတ သတိရမိ‌ ပြန်လေသည်။ထောင်ဝန်းထဲတွင် တစ်ပင်တည်းသာရှိသော ချယ်ရီပင်အောက် ရောက်မိတော့ ပွင့်ဖတ်‌လေး‌တွေ‌ပေါ်မှ
‌‌အေးစက်တဲ့နှင်းတွေကို လက်နှင့်ခံကာ ကဗျာစာသားတွေ ရွတ်ဖတ်နေသော
ချစ်ရသူလေးကို ပြန်တွေးမိတော့ နှုတ်ခမ်းဖျားများက တစ်ချက်ပြုံးမိသေး။

"စောင့်နေပေးပါနော် ။ "

လေးနှစ်မြောက် ရှိလာပြီး။ပို့လာတဲ့ စာအိတ်ဖြူဖြူလေးထဲက စာကိုဖွင့်ဖောက်ကြည့်တော့ ခါတိုင်းလိုပါပဲ ။ သူမနိုးသေးဘူးတဲ့ ။ ဒါပေမဲ့ သူ၏နှလုံးကတော့ အရင်ကထက် ပိုပြီးကျန်းမာလာတယ်တဲ့ ။ ပြီးတော့ ကလေးအတွက်  ရှင်းချန်နှင့်  သူ့၏မားက သူ၏သူငယ်ချင်းရဲ့သား ဖြစ်တဲ့သူကို ရီပေါ်အတွက်  သီးသန့်ဆရာဝန်တစ်ယောက်အဖြစ်  ငှားထား ‌ပေးထားတယ်တဲ့ ။

ဒီသတင်းကြားမိတော့ ကျွန်တော်ထခုန် မတတ် ‌ပျော်မိပါတယ် ။ ပျော်လွန်းလို့ မျက်ရည်များက ခွင့်မတောင်းပါပဲ ကျနေမိတယ် ။ တစ်ဆက်တည်းမှာပင် တွေးမိသည်က ကျွန်တော်သူ့ရဲ့ဘဝသစ်ထဲကို ဝင်သင့်လားဆိုတာပဲ ။

အဲ့လို တွေးမိတော့ ကျွန်တော့်ရင်ဘတ်ထဲက နှလုံးသားလေးက နာလာတယ် ။ ကျွန်တော် သိမ်ငယ်လာတယ် ။ ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားလာရတယ် ။ကျွန်တော်က ကလေးအချစ်တွေနဲ့
မတန်တဲ့လူလို့ အလိုလိုတွေးမိလာတယ်။

BAD BOYKde žijí příběhy. Začni objevovat