ဝမ်ရိပေါ် တွေးမိသည်။
ဟုတ်သားပဲ ။ သူလည်း လိုချင်ရှာမှာပဲ။
သူ့ရဲ့ သွေးသားကို။

"သား ရိလေး အဖေ့ကို အထင်မလွဲပါနဲ့နော်... အဖေကလေ....မျိုးဆက် လိုချင်မိရုံပါ....ဘာလို့ဆို အဖေ့သားသမီး သုံးယောက် မှာ သား ငယ်ပဲ ကျန်တော့တာလေ....အဖေတောင်းဆိုတာ လွန်များသွားလား...."

ရှောင်းစုဖန်း တကယ်ကို အားနာမိသည်။
ဝမ်ရိပေါ် ကိုလည်း သူ့သွေးသားအရင်းလို ချစ်သည်။ သားမက်ဆိုသည်ထက် သားအရင်းဟု ယူဆထားသည် ဆိုလျှင် ပိုမှန်မည်။

"အဖေ မလွန်ပါဘူး...ကျွန်တော် တို့နှစ်ယောက် ဒီအကြောင်းကို သေချာ ဆွေးနွေးလိုက်ပါ့မယ်..."

ဝမ်ရိပေါ်က အပြုံးမပျက် တုံ့ပြန်လိုက်၏။

"ရိလေး....ကိုကို မလိုချင်ဘူး..."

"ကိုကို ဒီအကြောင်း ပြီးမှ ပြောရအောင်...
အရင်ဆုံး ထမင်းပြီးအောင် စားကြတာပေါ့...."

ဝမ်ရိပေါ် ထမင်းကိုသာ ဆက်စားနေလိုက်လည်း ရင်ထဲက တင်းကြပ်မှုကြောင့် အသက်ရှု မဝတော့သလိုပင်။

ဝမ်ရိပေါ် ထမင်းစားပြီးသွားချိန်တွင် ရေချိုး အဝတ်အစားလဲပြီး အခန်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေမိသည်။

ရှောင်းစုဖန်း ပြောခဲ့သည့် အကြောင်းအရာ အားလုံးကို တစ်ကျော့ပြန် တွေးတောရင်း...
သက်ပြင်း ခပ်သာသာ ချနေမိသည်။

"ရိလေး...."

ရှောင်းကျန့်... ဝမ်ရိပေါ် ကို နောက်ကနေ သိုင်းဖက်ကာ ပုခုံးပေါ် မေးတင်ရင်း
ပွတ်သပ်ကျီစယ်နေသည်။

"ကိုကို့ အဖေပြောတာကို အာရုံမထားနဲ့....
ကိုကို့အတွက် ရိလေး က တစ်ဘဝလုံးပဲ..."

"ကိုကို..."

"အင်း...."

"ကျွန်တော် တို့ ကလေးယူရအောင်..."

"ရိလေး...."

"ကျွန်တော် သေချာ စဥ်းစားပြီးပြီ...ကလေးယူရအောင်... "

ဝမ်ရိပေါ် ပုံစံမှာ ဆုံးဖြတ်ချက် ပြတ်သားနေ၏။ ရှောင်းကျန့် သူဘယ်လိုဖြောင်းဖြပါစေ မရနိုင်တော့မှန်း သိလိုက်သည် ။ ထို့ကြောင့် သူ့ချစ်သူ စိတ်သက်သာရာရစေမည့် စကားကိုသာရွေးချယ်ပြောလိုက်သည်။

ကြင်နာသူသို့လွှမ်းခြုံမိသော အမုန်းတစ်လွှာ~(completed) Where stories live. Discover now