Chapter 38 (Final)( Unicode)

28.7K 1.3K 64
                                    

နော်ဘူဘောတောင်သည် ဆောင်းရာသီ မနက်ခင်းတွင် တောင်ထွတ်ထိပ်ဖျား၌ မင်းလွင်မြူခိုးတို့ ရစ်သိုင်းလျက်ရှိကြသည်။ အရှေ့တောင်တန်းပြာ၌ နှင်းမကွဲသေးချိန်တွင် Audi ကား အဖြူ‌ရောင်သည် တောင်ကြားလမ်းအတိုင်း ဖြည်းဖြည်းနှင့်မှန်မှန် မောင်းလာရာမှ နော်ဘူဘောတောင်၏ ယာဥ်ရပ်နားစခန်းတွင် ရပ်တန့်သွားကာ ကောင်လေးနှစ်ယောက် ကားပေါ်က ဆင်းလာသည်။

"လွှမ်း ကိုကိုတို့ငယ်ဘဝကို ပြန်ရောက်သွားသလိုပဲနော်"

"အဲ့ဒါဆို သံတောင်မှာ ကျွန်တော့်ကို ဗင်ဒါလို့ခေါ်လေ၊ ကျွန်တော်တို့နှစ်ယောက် တွေ့ဆုံခြင်းရဲ့အစက ဂျင်ဂျာနဲ့ ဗင်ဒါက စခဲ့တာ"

ဗင်ဒါပြောသလို မင်းဆက်တို့နှစ်ယောက်၏ တွေ့ဆုံခြင်းအစသည် ဂျင်ဂျာနှင့်ဗင်ဒါက စခဲ့သည်။ နှစ်ဦးကြားတွင် သိမ်မွေ့နူးညံ့သော အချစ်တို့ ပေါက်ဖွားလာသောနေရာက မေတ္တာရိပ် မိဘမဲ့ဂေဟာ။ ဗင်ဒါလေး၏ဆန္ဒအတိုင်း ချစ်သူများနေ့မှာ နော်ဘူဘော တောင်ထိပ်ကို ပြန်တက်ပြီး ကလေးအရွယ်တုန်းက နေထိုင်ခဲ့သော မေတ္တာရိပ်မိဘမဲ့ဂေဟာကို သွားလည်ချင်တယ်ဆိုလို့ မင်းဆက်က ဗင်ဒါနှင့်အတူ လိုက်ပါလာသည်။

"ဘယ်လိုလဲ ဗင်ဒါ၊ ငယ်ငယ်တုန်းကလို ကိုကို့လက်ကိုတွဲပြီး တောင်ပေါ် ပြေးတက်ချင်သေးလား"

"Yes. I wanna do like that again. ကိုကိုနဲ့ ဘယ်တော့မှ မခွဲချင်တာ တစ်သက်တာ ထာဝရပဲ"

"လာ ..ကိုကို့လက်ကိုကိုင်၊ ကလေးနဲ့လက်တွဲခြင်းကို ဒီနေရာလေးက စတင်မယ်"

ကိုကိုက လွှမ်း၏လက်ကို ဆုပ်ကိုင်ကာ ဆုတောင်း တောင်ခြေရောက်သည်အထိ လမ်းလျှောက်သည်။ တောင်ခြေရောက်ချိန်မှာ မိုးစင်စင်လင်းသွားပြီမို့ နေခြည်အလင်းတန်းများသည် တောင်တန်းများကြားမှ လင်းဖြာထွက်လာကြသည်။

"နော်ဘူဘောတောင်သို့ လှေကားထစ်ပေါင်း ၃၇၄ ထစ်"

တောင်ခြေက ဆိုင်းဘုတ်မှာ ရေးထားတာကို ဖတ်ကြည့်ပြီးသောအခါ ကိုကိုနှင့်လွှမ်းက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ ပြုံးလိုက်ကြသည်။ ကလေးအရွယ်က ပြေးတက်ခဲ့သော လှေကားထစ်တွေကို နှစ်ယောက်အတူ လက်တွဲကာ တစ်ထစ်ချင်း ဖြည်းဖြည်းနှင့်မှန်မှန် တက်သွားကြသည်။ တောင်ပေါ်လမ်းတစ်လျှောက်မှာ ပိကျိပိကျိ ငှက်ငယ်လေးများ၏ သီချင်းဆိုသံကို ကြားရသည်။ စိမ်းစိုသော သစ်ရိပ်ဝါးရိပ်များသည် တောင်ကြားလမ်းကို ပိုမိုအေးစိမ့်အောင် အရိပ်ထိုးဖြာကျလာသည်ကလွဲ၍ နော်ဘူဘောသည် လွှမ်းတို့ငယ်ငယ်က တက်ခဲ့ကြသည့်အတိုင်း ဘာဆိုဘာမှ မပြောင်းလဲပါ။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now