ရှောင်ကျန့်က လေးဖန်ကိုကြည့်ကဖြေတော့ လေးဖန်ကလည်းသူ့ကို အဓိပ္ပာယ်အပြည့်ပါဝင်နေသောအကြည့်တို့နှင့် ကြည့်နေ၏။ ပြီးတော့ထိုင်နေရာကထလာက ရှောင်ကျန့်ပခုံးကလက်ဖြင့်ပုတ်ပြီး....။

"ကျန့်ကျန့် ဆုံးဖြတ်ချက်တွေမှန်ကန်လိမ့်မယ်လို့လေးဖန် ယုံပါတယ်...ရိပေါ်ကကျန့်ကျန့်အပေါ်မထိခိုက်စေတဲ့ လိမ်လည်ခြင်းကိုကျူးလွန်ခဲ့ပေမဲ့ သူကကျန့်ကျန့်လေးကိုတကယ်ချစ်ရှာတာပါ...အဲဒါကိုတော့ဘေးလူတွေဖြစ်တဲ့ လေးဖန်တောင်မြင်တာဆိုတော့ ကျန့်ကျန့်ကအသိဆုံးဖြစ်မှာပါ....‌အဓိကနဲ့ သာမညကိုခွဲခြားနိုင်လိမ့်မယ်လို့ လေးဖန်မျှော်လင့်ပါတယ်..."

လေးဖန်ရဲ့စကားဆုံးမှာ ရှောင်ကျန့်ခေါင်းကိုအသာအယာငြိမ့်မိ၏။ ‌မောင်သူ့ကိုသိပ်ချစ်တာသိပေမဲ့ ဘေးကလူတွေပါမြင်နေမလားဆိုတာသူမတွေးမိခဲ့ချေ....။ ရှောင်ကျန့်အတွေးတို့ထဲနစ်မျောမိနေတုန်း လေးဖန်က စကားဆက်၏။

"ပြီးတော့ အရင်ရက်တွေထဲကရိပေါ်ဒီခန်းကိုအပြင်က‌နေရပ်ကြည့်နေခဲ့တာ အခုလည်းအစောပိုင်းထဲကအပြင်မှာရပ်နေတာကြာလှပြီ အိမ်ထဲဝင်ဖို့ ဖုန်းဆက်ပေမဲ့ ရတယ်ချည်းပဲပြောနေတာ အပြင်မှာအရမ်းအေးနေပြီ..."

လေးဖန်ကထိုမျှသာပြောပြီး ‌အခန်းထဲကထွက်သွားလေသည်။

အိမ်ထဲမှာအနွေးစက်ဖွင့်ထားရင်တောင်အေးစိမ့်စိမ့်ဖြစ်နေတာ အပြင်မှာသာဆို.....။ မဖြစ်နိုင်ပါဘူး ဒီလောက်ကြာကြီး...ရှောင်ကျန့်အတွေးတို့ကမဖြစ်နိုင်ဘူးဆိုပြီးငြင်းနေပေမဲ့...လက်တို့ကဝရံတာကမှန်တံခါးကိုဆွဲဖွင့်ပြီးဖြစ်သည်။ တကယ်ပါ ဝမ်ရိပေါ်ဆိုတဲ့အရူးလေးဟာ ဆိုင်ကယ်ကိုမှီနေလျက်သူ့အခန်းဆီသို့အခုထက်ထိငေးမောနေလေသည်။

ရိပေါ်တစ်ယောက် နေ့လယ်ထဲက‌စိတ်တွေရှုပ်ထွေးနေတာနဲ့ ကျိရန်တို့အုပ်စုနဲ့ ဟိုက်ခွမ်းကောရဲ့ဆိုင်မှာ သောင်တင်နေခဲ့ပြီး ကောအလုပ်ကပြန်ရောက်လေ့ရှိတဲ့ ခုနစ်နာရီမှာတော့ အိမ်ရှေ့မှာရောက်နေခဲ့တာဖြစ်သည်။ ကောရဲ့မျက်နှာလေးကိုသေမတက်မြင်ချင်နေပေမဲ့ ကောကသူ့ကိုမမြင်ချင်ဘူးဆိုသောစကားကြောင့် ကောအရှေ့ကိုမသွားရဲတာမို့ အခုလိုအပြင်ကရပ်ကြည့်လျှင် ကောအခန်းကိုတိုက်ရိုက်မြင်ရပြီး ကောရဲ့အရိပ်လေးကိုခန်းစီးတွေကတဆင့်‌တွေ့ရတာမို့ အခုလိုလာကြည့်နေခြင်းဖြစ်သည်။

The Chef Lover🧡🧡 (Completed)[Mini Story]Where stories live. Discover now