ထိုနေ့ကဓာတ်ခွဲစမ်းသပ်မှုလုပ်တော့ သူနဲ့ကျွန်တော် မမျှော်လင့်ပဲ တစ်ဖွဲ့တည်းကျသွားသည်...။ နဂိုတည်းက စာတော်သောသူ့ကြောင့် ကျွန်တော်တို့အဖွဲ့ အေးအေးဆေးဆေးပင် အောင်မြင်သွားသလို သူနဲ့လည်း ကျွန်တော်စကားသေချာပြောဖြစ်သွားသည်...။

နောက်ရက်တွေကျတော့ သူကစပြီးကျွန်တော့်ကို လာခေါ်လာစကားပြောသည်...။ အပေါင်းအသင်းများပြီး စကားကြွယ်သောကျွန်တော်က သူ့ရှေ့ကျမှ အလိုလိုတေမိဖြစ်သွားတတ်ပြီး သူလိုစကားနည်းတဲ့သူက ကျွန်တော်နဲ့ကျတော့ စကားတွေအများကြီးပြောနေသည်...။

"Seokjin ahh" လို့ သူခေါ်တတ်တဲ့အသံလေးကို တခြားသူငယ်ချင်းတွေခေါ်တာထက် ကျွန်တော်ပိုနှစ်သက်သဘောကျသည်...။ သူဘေးမှာရှိနေရင် တခြားသူငယ်ချင်းတွေနဲ့ စကားမပြောဖြစ်တော့တဲ့အထိ သူကကျွန်တော့်အပေါ် ဆွဲဆောင်နိုင်လွန်းလှသည်...။

စာတော်သောသူက ကျွန်တော်မရတဲ့သင်္ချာပုစ္ဆာများကို စိတ်ရှည်လက်ရှည်ရှင်းပြတတ်သလို တခါတရံပုံဆွဲပျင်းတယ်ဆိုသော အကြောင်းပြချက်ဖြင့် ကျွန်တော့်ကိုဇီဝဗေဒပုံများ လာဆွဲခိုင်းရင်လည်း ကျွန်တော်ဆွဲပေးရတတ်သည်...။

သူ့သူငယ်ချင်းတွေကတော့ ကျွန်တော်ဆွဲတဲ့ပုံတွေကို မလှဘူးလို့ပြောတတ်သော်လည်း သူကတော့ဘယ်အချိန်မေးမေး လှတယ် သဘောကျတယ်လို့သာ ပြောသည်...။ တကယ်တော့ကျွန်တော်ကိုယ်တိုင်ကလည်း ပုံဆွဲဝါသနာမပါသလို လှလှပပမဆွဲတတ်ပါ..။ တခါတရံ သူခိုင်းကောင်းအောင် လှတယ်ပြောနေတာလို့ထင်မိသော်လည်း ဘာရယ်ကြောင့်မသိ သူ့စကားကိုကြည်နူးမိတာ အမှန်ပင်...။

"Seokjin နဲ့ Hoseok က တကယ့်ကို Perfect Couple ပဲ"

ယောကျာ်းလေးချင်းချစ်ကြိုက်မှုကို လက်ခံပေးတတ်ကြတဲ့ သူ့သူငယ်ချင်းရဲ့မှတ်ချက်စကားကြောင့် ကျွန်တော်လန့်သွားပေမယ့် သူကတော့ရယ်နေလေသည်...။

"Seokjin က ရေခဲတုံးကြီးပါကွာ"

"သူ့ဘက်ကမစရဲလည်း မင်းဘက်ကစပြီး ဖွင့်ပြောလိုက်ပေါ့ Hoseok ရာ"

ကျွန်တော့်ကိုရှေ့မှာထားပြီး သူတို့ပြောနေကြသော စကားများကြောင့် ကျွန်တော်အံ့ဩရသလို တကယ်ပဲသူကျွန်တော့်ကို စိတ်ဝင်စားနေလားဆိုသော မျှော်လင့်ချက်ကလေးလည်း ဖြစ်လာမိသည်..။ တကယ်ပဲ သူနဲ့ကျွန်တော်ကရော အများအမြင်မှာ လိုက်ဖက်တဲ့စုံတွဲလား..???

Petrichor (2Seok Collections)Where stories live. Discover now