"ငါ့ကြောင့်တဲ့လား... ကြည့်ရတာ ငါက မင်းကိုငိုအောင်ဘဲ လုပ်တတ်တယ်ထင်တယ်..."

ပခုံးကို ကိုင်ထားတဲ့လက်လေးနှစ်ဖက်ကို ဖယ်ရှားလိုက်ပြီး ငေးငိုင်နေသူကို ကျောခိုင်းထွက်လာခဲ့မိသည်... ဟန်ယော ရဲ့ ဒေါသတွေ အားငယ်စိတ်တွေ နာကျည်းမှုတွေကို ဒီနေရာလေးမှာ ပေါက်ကွဲလို့မရတာကြောင့် ကျောခိုင်းဖို့ကိုသာ ရွေးချယ်ခဲ့လိုက်သည်...

"ရုပ်ကဘာဖြစ်နေတာလဲ..."

"ကျစ်... ခင်များ ပါးစပ်ပိတ်ထားလိုက်..."

"ဟဲ့ ကိုယ့်ဦးကို ဒီလိုပြောရလား..."

ဘာကြောင့် ဒီအိမ်ကို ပြန်လာမိမှန်းမသိတာပါ... အိမ်ရှေ့ခန်းမှာ အရက်ခွက်လေးကိုင်ပြီး ပြောလာသူကို ပြောတော့ မတ်တပ်ရပ်ပြီးဒေါသတကြီး ပြောလာတဲ့ အဒေါ်မဟုတ်တဲ့ မိထွေး...

"ဟန့်. မောင် ဆိုပြီး အိမ်ပေါ်တက်နေနေတဲ့ ခင်ဗျားရဲ့ လင်ငယ်ကို လေးစားသမှုထားပေးရမှာလား..."

"နင်.. နင်..."

ဟန်ယောကို လက်ညှိုးထိုးပြီး ဆွေ့ဆွေ့ခုန်နေသည့် အဒေါ်ကို ကြည့်ပြီး မဲ့ပြုံးလေးသာပြုံးနိုင်တော့သည်...

"ခွမ်း..." ကနဲ မြည်သံရဲ့အဆုံးမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲလာသည့် ဖန်ကွဲစများကိုငုံ့ကြည့်ပြီး ကိုယ့်ခေါင်းကိုကိုင်ကြည့်လိုက်တော့ လက်ထဲမှာပါလာတဲ့  သွေးစတွေကို ကြည့်နေမိတဲ့ ဟန်ယောရဲ့ နှုတ်ခမ်းမှာတော့ ကြောက်စရာကောင်းတဲ့ အပြုံးကြီးချိတ်ဆွဲလို့ပေါ့...

************************

"ထိုက်ရင့်..."

သူထားသွားတဲ့ နေရာလေးမှာသာ ငိုနေမိတဲ့ ထိုက်ရင့် ရဲ့ မျက်ရည်တွေကို ခပ်မြန်မြန်လေးသုတ်ပြီး ခေါ်လာသူကို လှည့်ကြည့်ဖို့လုပ်ရတော့သည်...

ထိုက်ရင့်ဆီ ပြန်လာတဲ့သူကိုအပြုံးလေးနဲ့ လှည့်ကြည့်မိပေမဲ့ မြင်လိုက်ရတာကတော့ နဖူးပြင်တစ်လျှောက်စီးဆင်းနေသည့် နီရဲနေသောသွေးများအပြည့်ဖြင့် မျက်နှာလေးတစ်ခုကိုပါ...

"ဘာဖြစ်လာတာလဲ..."

အနားကိုသွားပြီး စိုးရမ်တကြီးနဖူးထိပ်ကို လှမ်းနေတဲ့ ထိုက်ရင့်ရဲ့ လက်ကို ပုတ်ထုတ်ပစ်သူ...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Donde viven las historias. Descúbrelo ahora