' မနက်ဖြန် ရိုက်ကွင်း ရှိတယ်မလား... '
' ငါ သုံးရက် အနားယူထားပေးတယ်.... သွားတွေ့စရာရှိတာ သွားတွေ့... ပြီးမှ အလုပ်ပြန်လုပ်... မင်းရဲ့ ဒီမျောက်မှိုင် မှိုင်နေတဲ့ အခြေအနေနဲ့ အလုပ် မဖြစ်ဘူး... '
' အကိုဟိုက်ခွမ်းကလည်း... '
' တော်! .. တော်!... အခုတော့ စိတ်ကို စုစည်းပြီး အလုပ်လုပ်တော့... လေယာဉ်ချိန်မမှီပဲနေမယ်..... '
' ကောင်းပါပြီဗျာ... '
Make up artist ဆီ ထသွားတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ယွီပင်းဆီ Message လှမ်းပို့ရတယ်...
ဒီ အတွဲကြား ညပ်တာ ဟိုက်ခွမ်းတစ်ယောက်တည်းလို့ မထင်ပါနဲ့.....
ယွီပင်းနဲ့ ရိပေါ် သူငယ် ချင်း ကောင်မလေးပါ အဆစ်ပါပါသေးတယ်....
ဘဝကြီးက လွယ်မနေခဲ့ပါဘူး....
.
.
.
.
.
.
.
.
.
.
.
.လေဆိပ်ကို သွားတဲ့ လမ်းမှာ ရှောင်းကျန့်က ဖုန်း တကြည့်ကြည့်နဲ့ ......
6 ခွဲ Flight မို့ ပေကျင်းကို ၉နာရီ ကျော်လောက်မှ ရောက်မှာမို့ အိမ်ပဲ ပြန်ရမလား
ရိပေါ်ဆီပဲ သွားရမလားဝေခွဲမရ...
အကြီးပီပီ မွေးနေ့ဆုတောင်းလောက်နဲ့ စိတ်မကောက်သင့်ပေမယ့် ရှောင်းကျန့်က ရိပေါ့် အပေါ်ကိုတော့ ဆိုးချင်တဲ့ ဥာဏ်ဆိုးလေး ဝင်တယ်...
တွေ့တဲ့ အခါမှ စိတ်ကောက်ပစ်မယ်လို့ တွေးရင်း လေယာဉ်ပေါ် တက်တယ်....
ဘေးက အကိုဟိုက်ခွမ်းကလည်း လေယာဉ်ပေါ် မတက်မချင်း ဖုန်းတစ်လုံးနဲ့ ရှုပ်နေတာ...
၂ နာရီ ခွဲလောက်ပဲ ကြာတဲ့ လမ်းခရီးမို့ ဟိုလှည့် ဒီလှည့်နဲ့ ရောက်သွားလေရဲ့ .....
ထင်မထားတာက လေဆိပ်ကို ယွီပင်း ကိုယ်တိုင် လာကြိုတာပဲ....
သူက ရှောင်းကျန့်ပြန်လာမှာ ဘယ်လို သိနေတာလဲ?
' ဟေ့.... ရှောင်းကျန့်.. Happ ....... '
' နေ ..... နေ... မပြောနဲ့.... '
' ဟမ်!.. မင်းကလည်းကွာ... Birthday wish မယ်လေ.. '
' နောက်မှ Wish ကွာ... ရိပေါ်ကို ပထမဆုံး ဖြစ်စေချင်လို့.. '
YOU ARE READING
21st Century Cinderella Story
Fanfictionတကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to Another Cinderella Story of Selena Gomaz... မူရင်း Movie နဲ့ တူတာတွေ လည်း ပါပြီး မတူတာတွေ လည်း ပါပါတယ်♡ တကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to...
♡. 18 [ZAWGYI]
Start from the beginning