"တောက်!"

စိတ်ထိန်းချုပ်ရပါများတော့ ကားမောင်းရင်းနဲ့ တောက်ခေါက်ရတယ်။
မီးပွိုင့်နီလို့ ကားရပ်ရတာကိုလည်း မတရားဘူးလို့ မြင်လာတယ်။

အိမ်ရောက်တာနဲ့ ကားကိုဖြစ်သလိုထိုးရပ်ပြီး ဝင်သွားတော့ ထမင်းစားပွဲမှာ ခေါင်းမောက်နေတဲ့ ရိပေါ်။

နေမကောင်းဘူးလားဆိုတဲ့ စိုးရိမ်စိတ်ကို ထုတ်မပြနိုင်တဲ့အထိ ရှောင်းကျန့်စိတ်တွေညစ်ညူးနေတယ်။

"ဟာ... တူးနေပြီ"

ရိပေါ် တင်ထားတဲ့ ပဲဟင်းချိုက ရေခမ်းပြီး အိုးကပ်သွားတယ်။ တူးနံ့တွေ လှိုင်တော့မှ ရှောင်းကျန့် အော်သံကြောင့် ဖျက်ခနဲ လန့်နိုးပြီး သတိရလိုက်တာ။ သူဒီမှာ မှေးခနဲ အိပ်ပျော်သွားတယ် ဆိုတာပဲ။

"ရိပေါ်... မင်း!!!"

ဟင်းအိုးတူးပြီး အန္တရာယ်များတတ်တယ်ဆိုပေမယ့် ရိပေါ် အမှားပေမယ့် ဒီလောက်ထိ မျက်နှာကြီးရဲပြီး ဒေါသထွက်စရာ မလိုဘူးလို့ ရိပေါ်က ထင်တယ်။

"မင်းကြောင့် မီးလောင်ရင် မင်းပဲ ထောင်ထဲဝင်... ငါမဝင်နိုင်ဘူး"

ပြောရင်းနဲ့ အိုးကိုယူပြီး အိုးလိုက် အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။

ရှောင်းကျန့်က စိတ်ဆိုး စိတ်တိုလွယ်ပေမယ့် သူနဲ့ဆို တအားလွန်သလို ရိပေါ် ခံစားလာရတယ်။

"ကျန့်ကော ကျွန်တော် အိပ်ပျော်သွားလို့ပါ... နောက်ဆို သတိထားပါ့မယ်"

အမှိုက်ပုံးထဲက အိုးကိုပြန်ကောက်ဖို့လုပ်ပေမယ့်
"ကောက်မနေနဲ့ အမှိုက်လို ဟာတွေ... "

ဒေါသထွက်ခွင့်ရှိပါတယ်။ ဆူဆဲခွင့်ရှိပါတယ်။ ရိပေါ်က ရှောင်းကျန့် ပေါက်ကွဲရာတွေ ပစ်ချတဲ့ အမှိုက်ပုံးတစ်ခု မဖြစ်ချင်ရုံသက်သက်ပါပဲ။

ဒေါသ ခြေလှမ်းတွေနဲ့ အိမ်ပေါ်တက်သွားတဲ့ ရှောင်းကျန့်ကို ရိပေါ် တကယ်ပဲ စိတ်ကုန်ချင်ပါတယ်။

"ကိုကိုက ဆိုးတယ်"

​ဆိုဖာပေါ်မှာပဲ မှတ်စုစာအုပ်ကို ဖွင့်ရင်း ဒီညလည်း ထမင်းမစားဘဲ နေရပြန်တယ်။

Guide To Give You Up Where stories live. Discover now