​ဟင်းအိုး ကျက်ဖို့ စောင့်နေချိန်မှာပဲ ရိပေါ် ဖုန်းက အသံမြည်လာတယ်။

"ဟယ်လို..."

တဖက်က ဖုန်းဖြေသံကြောင့် မေမေဖြစ်တာမှန်းသိတယ်။

"ရိပေါ်... သားငယ်... အိမ်ပြန်လာဦးလေ... မလာတာတော်တော်ကြာနေပြီ"

"ဟုတ် မား.. ကျွန်တော် ဒီတစ်ခါ စာတမ်းကိစ္စပြီးရင် စာမေးပွဲတစ်ခုရှိတယ်... အဲ့ဒါပြီးရင် လာမလို့လုပ်နေတယ်"

"ဆရာရှောင်းကိုပါ ခေါ်ခဲ့..."

"ကျန့်ကောက လိုက်နိုင်ပါ့မလားမသိဘူး"

"ရအောင် ခေါ်ခဲ့လေ "

မေမေတို့ကတော့ ရိပေါ်ကို ရှောင်းကျန့်က သိပ်ချစ်တာဆိုတဲ့ မုသားစကားမှာ အခုထိ ပျော်ဝင်နေတုန်းထင်ပါရဲ့။

ဖုန်းချပြီးနောက်တော့ ထမင်းစားပွဲမှာ ခေါင်းမှောက်ချလိုက်တယ်။

တစ်ခါတရံမှာ သေးငယ်တဲ့ကိစ္စလေးတွေက
အကြီးကြီးပင်ပန်းစေတတ်တယ်။

~~~~~

VIP patient ရဲ့ အချိုးမပြေမှုကြောင့် ရှောင်းကျန့် တော်တော်လေး စိတ်ပင်ပန်းရတယ်။ black list သွင်းပစ်လိုက်ချင်ပေမယ့် ဝန်ကြိးချုပ်သမီး ဘယ်သူ့သမီးနဲ့ ပါဝါအာဏာပြပြီး ဆေးခန်း ပိတ်ပစ်မှာစိုးရိမ်ရတာကြောင့် ငြိမ်နေလိုက်ရပါတယ်။

ဒီလိုလူမျိုးတွေကို လက်မခံရင်လည်း ရှောင်းကျန့် ဆေးခန်းက VIP Patient ဆိုတာ ရှိလာမှာမဟုတ်။

စိတ်ရှုပ်စွာနဲ့ ဖြတ်သန်းရတဲ့ ညနေခင်းကလည်း အုံ့မှိုင်းမှိုင်း။

ဆေးခန်းထဲကို အိမ်မွေးတိရစ္ဆာန်ခေါ်လာတဲ့ ဝန်ကြီးချုပ်ရဲ့ သမီးဆိုသူကိုလည်း ရှောင်းကျန့်က ရှိသမျှသွားတွေ အကုန်ရိုက်ချိုးပစ်ချင်တော့တာပဲ။

ဆေးပါသွားလို့သာ ရှောင်းကျန့် အတွက် အဆင်ပြေတာ။ မူးလဲလို့ မျက်စိမျက်နှာပျက်မယ့်သူတွေလည်း တစ်ယောက်မှ ပါတာမဟုတ်။

ကြောင်နဲ့ သွားဆေးခန်းက ဘယ်လိုမှ မအပ်စပ်ဘူးဆိုတာ မတွေးနိုင်တဲ့အထိ ပိုက်ဆံရှိအသိုင်းအဝိုင်းတွေက ဉာဏ်တိမ်လွန်းတယ်။

Guide To Give You Up Donde viven las historias. Descúbrelo ahora