ရိပေါ်က မလန့်ဘူးဆိုပေမယ့် နည်းနည်းတော့ ကြောင်သွားတာ အမှန်ပဲ။ သူတွေးနေတာကို စကားအဖြစ်ပြန်ထွက်လာတဲ့ ကလေးမကို ရိပေါ် နားမလည်ဘူး။

"ရှောင်းမေ့... ကျွန်တော် စာတမ်း တင်စရာ ကိစ္စတွေရှိလို့ ခဏလေးပဲ ငြိမ်ငြိမ်နေပေးပါလား"

ရိပေါ်က မျက်မှောင်ကျုံ့ပြီး အပြောမှာ ရှောင်းမေ့ ငြိမ်ဆင်းသွားတယ်။

နောက်တော့ စာရွက် အလွတ်တစ်ရွက်ကို ထုတ်ပြီး ခဲတံတစ်ချောင်းနဲ့ အလုပ်ရှုပ်တော့တယ်။

ရိပေါ်လည်း စာတမ်းအတွက်ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အတော်လေး စိတ်ဖိစီးရပါတယ်။
စာအုပ်အထူကြီးတွေထဲက လိုရမယ်ရဆိုပြီး မှတ်ထားတာ မှတ်စုစာအုပ်ရဲ့ သုံးပုံတစ်ပုံကျော်သွားတဲ့ အထိပဲ။

​အတော်လေးကြာတော့ ရိပေါ် မျက်နှာရှေ့ကို စာရွက်လေးတစ်ရွက်ရောက်လာတယ်။
ပြီးတော့ ရိပေါ်ရဲ့ ပုံလေး... ။

​"လှတယ်မလား... "

​ရှောင်းမေ့ကို ကြည့်လိုက်တော့ ရိပေါ်ကို ပြုံးပြတယ်။ ရှောင်းမေ့ အပြုံးတွေက တကယ်ပဲ ချစ်ဖို့ကောင်းပါတယ် ။

"ကျေးဇူးတင်ပါတယ်"

"ဟီး... ရပါတယ်"

ရှောင်းမေ့ပေးလိုက်တဲ့ ပုံတူပန်းချီလေးကို ရိပေါ်က ခေါက်ပြီး မှတ်စုစာအုပ်ထဲညှပ်တယ်။

"နောက်နေ့ ရှောင်းမေ့ကို ကော်ဖီဝယ်တိုက်"

ရိပေါ် မထွက်ခင် ရိပေါ်ရှေ့က ကျောခိုင်းရင်း အော်ပြောသွားသေးတဲ့ ရှောင်းမေ့ကြောင့် ရိပေါ်က ပြုံးမိသွားတယ်။

ဘယ်အရာမှ အလကားမရဘူးဆိုတဲ့စကားက သိပ်မှန်တယ်။

ရှောင်းမေ့က ခင်ဖို့ ကောင်းပါလိမ့်မယ်။

~~~~~

​ရိပေါ် အိမ်ပြန်ရောက်တော့ ညနေ ငါးနာရီ။ ရောက်တာနဲ့ လွယ်အိတ်ပစ်ချပြီး ဟင်းချက်ရတော့တာပဲ။

ရိပေါ် နည်းနည်းလေးမှ ပင်ပန်းတယ်လို့ မထင်ပါဘူး။ ချစ်ရတဲ့သူအတွက် တစ်ခုခုလုပ်ပေးရတယ် ဆိုတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်တာမို့လေ။

Guide To Give You Up Where stories live. Discover now