လူတိုင်းအပေါ် အေးစက်စက်ဖြစ်ပေမယ့် ရိပေါ် ကိုဆို နွေးထွေးပေးချင်တဲ့စိတ်ကလေးက မသိမသာပဲပေါ်ပါတယ်။
~~~~~
ရိပေါ် ကျောင်းက library မှာ စာတမ်းတင်စရာ အတွက် စာအုပ်တွေ ရှာတယ်။ စာအုပ်ခပ်ထူထူကြီးသုံးလေးအုပ်နဲ့ မနိုင်မနင်းဖြစ်နေတဲ့ ရိပေါ်ဘေးကို ကောင်မလေးတစ်ယောက်က ရောက်လို့လာတယ်။
"မနိုင်ဝန်တွေ ထမ်းပြန်ပြီ စီနီယာဝမ်က "
ပြောရင်းဆိုရင်းနဲ့ ရိပေါ် လက်ထဲက စာအုပ်တွေကို ခွဲယူသွားတယ်။
ရိပေါ်က သိလည်းမသိတဲ့သူနဲ့ စကားမပြောချင်ဘူး။
အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို မသိဘဲ မရင်းနှီးဘဲနဲ့ ပြုံးတောင်ပြချင်တာမဟုတ်ဘူး။
"ရပါတယ် ပြန်ပေးပါ"
ရိပေါ်က ပြန်ဆွဲယူတော့ ကောင်မလေးက အတင်းကို ရှောင်တော့တာ။ သူ ဘာဖြစ်ချင်လဲ ရိပေါ် မသိပါ။
"စီနီယာကလည်း ဒါလေးကူပေးတာကို"
စကားတွေ အများကြီးမပြောချင်တာကြောင့် ရော library ထဲ မဆူညံချင်တာကြောင့်ရော ရိပေါ်က အလိုက်တသင့်ပဲ နေလိုက်တော့တယ်။
"ရှောင်းမေ့က ဒုတိယနှစ်ကပါ စီနီယာ"
"ဪ... "
စာအုပ်တွေ ဖတ်လိုက် မှတ်စုစာအုပ်မှာရေးလိုက်နဲ့ ရိပေါ်ကို ရှောင်းမေ့ဆိုတဲ့ ကောင်မလေးက စကားတွေ တရစပ်ကိုပြောနေတော့တာပါပဲ။
ရိပေါ်ကတော့ စာတမ်းတင်ဖို့ပဲစိတ်ရောက်နေတယ်။ ကျိုးချန်ကလည်း ရေကူးအားကစားအသင်းဝင်ဖြစ်တာကြောင့် ဒီနေ့တော့ ဂျူနီယာတွေကို လေ့ကျင့်ရေးရှိတယ်လို့ ဆိုတာကြောင့် စာတမ်းအတွက် တစ်ယောက်ထဲ လုပ်ရတယ်။
ရှောင်းမေ့က စကားတွေပြောနေတုန်းပါပဲ။
"ကိုကို..."
ရုတ်တရက် ခေါ်လိုက်တဲ့ နာမ်စားကြောင့် ရိပေါ်စာထဲလည်း စိတ်မရောက်နိုင်တော့။
အခုမှ တွေ့တဲ့ မိန်းကလေးတစ်ယောက်က ဒီလောက်ထိ ရဲတင်းစရာ လိုလို့လား။
"အခုမှတွေ့တဲ့ မိန်းကလေးတစ်ယောက်က ဒီလောက်ထိ ရဲတင်းစရာလိုလား လို့ တွေးနေတာမလား"
YOU ARE READING
Guide To Give You Up
FanfictionDon't wanna love you ! Don't wanna miss you ! I don't know how to give up to love you...
Part ~ 6
Start from the beginning
