ထိုက်ရင့် အော်လိုက်တာတောင် အပြစ်မရှိတဲ့မျက်နှာလေးနဲ့ စာအုပ်လေးကိုပိုက်ရင်း ငေးကြည့်နေသူကြောင့် ပိုလို့တောင်ဒေါသထွက်ရသည်...

"တော်တော် အရသာရှိနေတယ်ပေါ့လေ..."

"ငါ ဘာမှမစားထားပါဘူး..."

ဟန်ယော ကို ခါးထောက်ရင်းမေးလာသူရဲ့ မျက်နှာတစ်ခုလုံးမှာအနီရောင်တွေဖြတ်ပြေးလို့နေသည်... သူဘာဖြစ်နေတာလဲ. ဟန်ယော တကယ်ဘာမှ မစားမိတာပါ...

"ကောင်မလေးကို ငေးကြည့်ရတာ အရသာရှိနေတာလားလို့ပြောတာ..."

"လာ. အထဲဝင်ကြမယ်..."

"ငါမေးတာဖြေလေ..."

ပခုံးလေးကိုတွန်းပြီး ခြံတံခါးဘက်ကို လှည့်ပေးကာ အိမ်ထဲဝင်သွားသည့်ကောင်လေးရဲ့ နံဘေးမှာကပ်လိုက်လာသည့် ကောင်လေးတစ်ယောက်...

"ဘာလို့မဖြေတာလဲ... တကယ်ဘဲအရသာရှိနေတာလား..."

အိမ်ဝမှာတင် ခြေလှမ်းတွေရပ်သွားပြီး ကပ်လိုက်ရင်းတတွတ်တွတ်မေးနေသူကို စိတ်မရှည်စွာကြည့်လိုက်မိသည်... ရှင်းပြလိုက်ရင်ရပေမယ့် ရှင်းမပြနိုင်တာကိုတော့ဘယ်လိုလုပ်ပေးရမည်နည်း...

ခုချိန်မှာ ဟန်ယော အလုပ်ချင်ဆုံးအရာဟာ ဘာလဲလို့မေးလာရင် ပြုံးတာလို့ ပြန်ဖြေမိမည်ထင်သည်... စိတ်ထဲမှာရှိသည့်အတိုင်း အပြုံးတွေကိုဖွင့်ချလိုက်ချင်သည်. ဒါပေမဲ့ သူရှိနေတော့ မပြုံးချင်ဘူး... သူ့ရှေ့မှာ အပြုံးတွေကိုချပြဖို့ အဆင်သင့်မဖြစ်သေးသလို ဟန်ယော ကိုယ်တိုင်လဲ ပြုံးဖို့အဆင်သင့်မဖြစ်သေးပါ...

မျက်လုံးက ပုစ္ဆာတွေကိုဖတ်ရင်း လက်ချောင်းလေးတွေက ခဲတံလေးကိုင်ကာ စာရွက်တွေပေါ်ဖြေရှင်းချက်ပေးနေသူရဲ့ မျက်နှာလေးကို မေးလေးထောက်ပြီး ကြည့်နေသည့် ကောင်လေးတစ်ယောက်...

ထိုကောင်လေးမှာ မျက်လုံးလေးကိုမှေးရင်း အဖြေတစ်ခုအပေါ်အာရုံစိုက်နေသူကို ကြည့်လိုက်ကာ...

"အဲ့ကောင်မလေးက ချောလား..." ဟု မေးလာပြန်သည်...

ပထမဆုံးအကြိမ်မေးလာသည်မဟုတ်တာကြောင့် ကောင်လေးကတော့ ပုစ္ဆာတွေအပေါ်သာ အာရုံစိုက်နေလိုက်သည်...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Donde viven las historias. Descúbrelo ahora