ဘဝမှာ သူ့ကြောင့်ရဖူးတဲ့ပထမဆုံးနောင်တကို ပြောပြရရင် ဆရာဝန်မဖြစ်ချင်ခဲ့တာကိုဘဲ ပြောရလိမ့်မည်... အဲတာကြောင့် သူနဲ့ခွဲခဲ့ရတာလေ...

ကားဝင်းထဲ ဝင်လာသည့် ကားလေးပေါ်မှ ဆင်းလာမည့်သူကို စောင့်နေရတဲ့ တဒင်္ဂလေးက အရမ်းကြာလွန်းနေသည်... စောင့်နေရသူရဲ့ ရင်ထဲမှာ ဘယ်လောက်တောင်လှုပ်ရှားနေမလဲ မသိကြလို့များလား...

"မင်း ပြန်လာတော့ ညီညီ ပျော်နေမယ်ထင်တယ်နော်..."

ပျော်နေပါစေ... သူ့ကို ထုတ်မပြရဲသေးသော အပြုံးလေးဖြင့် ဆုတောင်းနေမိသည်... ခွဲခွာချိန်မှာတောင်မျက်ရည်မကျခဲ့သူဟာ ဘယ်တော့မှ ငိုလိမ့်မည်မဟုတ်... ဒါပေမယ့် ပြန်လာတဲ့ ဟန်ယော ကို မြင်ရင်တော့ သူပျော်မှာပါ... ဟန်ယော ကိုယ်တိုင်လဲ အရမ်းပျော်နေတယ်လေ...

အိတ်လေးဆွဲပြီး ကားပေါ်က ဆင်းလာသူဆီ လှမ်းမယ့်ခြေလှမ်းတွေဟာ ဆန့်ကျင်ဘက်သို့သာ ဦးတည်သွားတော့သည်...

သူပြုံးနေတယ်... ထိုက်ရင့် စိတ်ကူးယဉ်ခဲ့ရတဲ့အပြုံး အမြင်ချင်းဆုံးအပြုံးနဲ့ ပြုံးနေတယ်... ဒါပေမယ့် သူ့အနားကသူက ထိုက်ရင့် မဟုတ်ခဲ့ဘူး...

ကျောခိုင်းထွက်လာတဲ့ ထိုက်ရင့် ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်လေးတွေစီးဆင်းနေတာကိုသိပေမယ့် ဖယ်ရှားချင်း မပြုတော့ဘူး... သူ့ကြောင့် ကျတဲ့ပထမဆုံးမျက်ရည် ဖြစ်နေလို့ဘဲ...

ဘယ်သူထင်မှာလဲ ဟန်ယောရဲ့ အိမ်အပြန်လမ်းဟာ မျက်ရည်တွေခင်းထားတဲ့ လမ်းလေးဖြစ်နေမယ်ဆိုတာ...

သူလာကြိုခဲ့သည်တဲ့. ဒါပေမယ့် ထွက်သွားပြန်တယ်တဲ့... ဘာကြောင့်လဲကွာ...

ထွက်သွားချိန်တုန်းက မျက်ရည်နဲ့နှုတ်မဆက်ခဲ့သူဟာ ပြန်လာချိန်မှာလဲ အပြုံးလေးနဲ့ကြိုဆိုလို့မနေပါ...

တိတ်ဆိတ်နေတဲ့လမ်းလေးထဲ ဝင်လာသည့်ကောင်လေးရဲ့ အကြည့်တွေဟာ အုတ်ခုံလေးပေါ်မှာထိုင်နေသည့် ကောင်လေးဆီမှာရပ်တန့်သွားတော့သည်...

ထိုက်ရင့်ရှေ့မှာ အုပ်မိုးလာသည့် အရိပ်လေးကို မော့ကြည့်လိုက်ချိန်မှာတော့ မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်နေသူရဲ့ မျက်နှာလေးကို မြင်လိုက်ရတာကြောင့် ဒီရင်ဘက်ကြီးဆုတ်ဖြဲခံလိုက်ရသလို တစ်စဆီကြေမွသွားတော့သည်...

ချိတ်ပိတ်နှလုံးသား / ချိတ်ပိတ်နှလုံးသား [COMPLETE]Where stories live. Discover now