"ဟုတ်မယ် "

"ဟမ်...ဘာကိုလဲ"

"ကိုကို ‌ပြောတဲ့ လူတွေက တစ်ယောက်နဲ့တစ်ယောက် အကျိုးပြုနေရတယ် ဆိုတာလေ။ အဲ့တာ ဟုတ်လောက်တယ် လို့"

‌သီပေါမင်းပါတော်မူကတည်းက ‌ပြောလိုက်တဲ့ ရိှန်းကိုကို၏ စကားကို ဒီမိုကရေစီခေတ်ရောက်မှ ပြန်‌ဖြေလာသော ချစ်လွန်းလျှံ ဖြစ်သည်။ သို့သော် ဘာမှမ‌ပြောပဲ ဆက်နားထောင်လိုက်၏။ ချစ်လွန်းလျှံက ရိှန်းကိုကို ကိုကြည့်ပြီး

"ဘာလို့ဆို ကျွန်တော် လည်း ကိုကိုမရှိပဲ မနေနိုင်ဘူး‌လေ"

" စကားတတ်တိုင်း ‌ပေါက်ကရတွေ ‌ပြောနေတာပဲ" ‌

" ကျွန်တော်က အမှန်တိုင်း ‌ပြောတာပါ။ ပြီးတော့ ကိုကို့ကို ‌ရှင်းပြချင်တာ ရိှတယ်။ သစ္စာနဲ့ ကျွန်တော်က ဘာမှမဟုတ်ဘူး"

ကားထိုင်ခုံက စောင်အပါးကို ဆွဲယူကာ ခြုံရင်း ဘာမှမဟုတ်သလို နှင့် ထိုစကား‌ပြောလာသူ။

" ဘာလို့ အဲ့ဒါလာ‌ပြော "

" ဒီလိုပါပဲ။ ရှင်းပြထားရင် ကောင်းမယ်ထင်လို့ "

စကားကို ဖြတ်‌ပြောကာ မျက်ခွံပိတ်ပြီး မေှးလိုက်သော ချစ်လွန်းလျှံ ကို ကြည့်ပြီး သူဘာကြောင့် ဒါတွေ‌ပြောမှန်း ‌စဉ်းစားကြည့်သည်။ သို့သော် အချည်းနှီးသက်သက်သာ။

ညဘက်တွင် ချစ်လွန်းလျှံ အန်‌လေသည်။ ကားမူးသည်ထင်၏။ပင်ပန်းဟန်ရိှသော သူ၏ ခေါင်းကို ရိှန်းကိုကို ပုခုံး‌ပေါ်မှီစေလိုက်သည်။

မနက် 3 နာရီခွဲတွင် မန်းလေးရောက်သည်။ ရင်းနှီး‌သော အိုးဝေဆရာကို‌ခေါ်ပြီး ကျောင်း၀င်းရိှ အဆောင်သို့သွားသည်။ ကို၀င်းသန်းက ‌တံခါးလာဖွင့်ပေးပြီး တစ်နေ ့လုံးအနားယူကြ၏။

ကို၀င်းသန်း၏ကောင်းမှု‌ကြောင့် အကျင့်တစ်ခုရိှလာသည်က  မနက်ဆိုလျှင် အစောကြီးထပြီး သီရိမန္တလာ အားကစားကွင်းကို တစ်ပတ်‌ပြေး၊ "ဇွမ်ဘား" က ဟူ၍ သုံးယောက်သား တနိုင်တပိုင် လေ့ကျင့်ခန်းလုပ်ကြသည်။ ထိုက ပြန်လာလျှင် ရေချိုး၊ မနက်စာ စားပြီး အကြီးနှစ်ယောက်က စာသင်ခန်း၀င်၊ အငယ်ကောင်လေးက စာဖတ်၊ ကိုယ့်တာ၀န်ကိုယ် ထမ်းကြသည်။

MY OWN PLANET (Z+U) [Completed]Where stories live. Discover now