ကြားရသည့် စကားကို မယုံပါ။ ရုတ်တရက်ကြီး။ တကယ်ကို ရုတ်တရက်ကြီး။  ‌သေခြင်းတရားသည် ကြိုတင်အသိ‌မပေးပဲ ရောက်လာတတ်သော်လည်း ဒါကတော့ လွန်သည်။ မသွားခင်မှ သား အတွက် ဘာ၀ယ်ခဲ့ရမလဲ ဟု မေးသွားသေးသည်။

အိပ်ခန်းသို့၀င်သွားပြီး အိပ်ရာပေါ် ထိုင်သည့်တိုင် အသိမရိှသေး။ ဒီနေ ့သည် အရင်နေ ့တွေ ကလို သာမန် ရက်တစ်ရက်သာ။ ဒီသတင်းမကြားခင်အထိ ပေါ့။ လက်မခံနိုင်သောကြောင့် မျက်ရည်တောင် မကျနိုင်။ သို့သော် အသိဝင်လာတော့ ရွိုက်ကြီးတငင် ငိုကြွေးနေပြီ။

နောက်မှ သိရသည်က မမကြီး သည် သူ့ယောက်ျားနှင့် ရန်ဖြစ်ပြီး ကွာရှင်းကာ အိမ်တွင်လာနေသည်။ တကယ်တမ်းက မမကြီးနှင့် သူ့ယောက်ျားသည် ချစ်၍ လက်ထပ်ကြခြင်း မဟုတ်။ မမကြီး အသက် ၁၈ နှစ် တွင် ရည်းစားရကာ အချစ်နယ်ကျွံပြီး ရင်သွေးရသွားကြောင့် လက်ထပ်လိုက်ရသည်။

အိမ်ထောင်ရေး အဆင်‌မ‌ပြေဘဲ၊ သူ့ယောက်ျားက ရန်ဖြစ်တိုင်း ရိုက်နှက် သောကြောင့် နှစ်ဦးသဘောတူ ကွာရှင်းလိုက်ကြသည်။ နောက် မိဘ အိမ် သို့ ပြန်လာသည်။ မမကြီးတို့ ကွာရှင်းသည့် သတင်း ကို လားရွိုးရောက်နေသော ဖေဖေက သိသွားတော့ မနက်စောစော ပြန်လာခဲ့သည်။

ညက မိုးရွာထားသည့်အပြင်  မြူများ ထူဆိုင်းသဖြင့် လမ်းမမြင်ရတော့ပဲ ချောက်ထဲထိုးကျသွားသည် ဟု ဆိုသည်။

မေမေကတော့ ဒီကိစ္စနောက်ပိုင်း ‌ဗုံး‌ဗုံးလဲကာ၊ ဈေးထဲက ဆိုင်ကိုပင် ပိတ်လိုက်ရသည်။ စိတ်ထိခိုက်ပြီး ကျန်းမာရေးပါ ချ ူချာလာသည်။

ရိှန်းကိုကို ၁၀ တန်းအောင်သည့် နှစ်သည် သူ ပြန်မရောက်ချင် ဆုံးသော နှစ်ဖြစ်သည်။  ထိုနှစ်တွင် သူ၏ မိခင်သည်လည်း သူ့ကိုထားခဲ့သည်။ ထိုအချိန်မှစ၍ မမကြီးက ဆိုင်ကို ဦးစီးသည်။

တွေးကြည့်လျှင် မိဘနှစ်ပါးလုံး သေဆုံးပြီးနောက်ပိုင်း ရိှန်းကိုကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရသော ည မရိှ။ ညတိုင်း ဖေဖေနှင့် မေမေကို အိပ်မက် မက်သည်။ မိဘနှင့် ပတ်သက်၍ အထိမ်း‌အမှတ်နေ ့ ရောက်တိုင်းလည်း သူ အမြဲ မျက်ရည်ကျမိ‌ဆဲ။

MY OWN PLANET (Z+U) [Completed]Where stories live. Discover now