" မင်းနည်းနည်းများနေပြီ ကင်ထယ်ယောင်း "

" ဆောရီးပါဗျာ အရမ်းရီရလို့ဗျ ဟိဟိ "

ဆော့ဂျင်က သက်ပြင်းချလိုက်ပြီး ကျောဆန့်လိုက်သည်

" ကဲ ကိုယ့်သူငယ်ချင်းက ဒီလိုဆိုတော့လည်း ငါတို့က
နားလည်ပေးရမှာပေါ့ မင်းတို့လည်း ဒါနဲ့ပတ်သက်ပြီး
လျှာမရှည်ကြနဲ့ ကြားလား "

" ဟာ အစ်ကိုကလည်း မေးရမယ်လေ တကယ်လား
ဆိုတာ သိရမှဖြစ်မယ် "

ဆော့ဂျင်က မျက်နှာရှုံ့တွပြီး ဟိုဆော့ကို ကြည့်လိုက်သည်

" ဒီပုံကြီးလေ မင်းရိုက်လာတဲ့ ဒီပုံကြီးလေ အဲ့တာက
သက်သေပဲလေ "

" မဟုတ်ပါဘူး ကျွန်တော်သိချင်တာက ဒီလောက်ချော
တဲ့ သူတွေအများကြီးရှိတာဗျာ ဥပမာ ကျွန်တော့်ကို
ပဲကြည့်လေ အဲ့တာကို သူတွဲချင်တယ်ဆိုလည်း ရှာပေး
မှာပေါ့ ခုတော့ ဆရာမင် ...  "

" တိုးတိုးပြောစမ်း ဟိုဆော့ရာ မင်းဟာကလည်း လော်
စပီကာနဲ့သာ အော်လိုက်ပါတော့ "

ထယ်ယောင်းကတော့ ဟိုဆော့ကိုကြည့်လိုက် ဆော့ဂျင်
ကို ကြည့်လိုက်နဲ့ မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်နေရှာ
သည်

" မေးရမယ် အစ်ကိုယွန်းဂီလာတာနဲ့ မေးမှာ ...  "

" မင်းမမေးနဲ့ ထယ်ယောင်းမေး "

ဆော့ဂျင်စကားကြောင့် ထယ်ယောင်းက လန့်သွားသည်

" ကျွန်တော်က !!!!!? ကျွန်တော်က ဘာလို့လဲ ? အစ်ကို
မင်ယွန်းဂီနဲ့ ဘယ်တုန်းကမှ အဆင်မပြေတဲ့သူကိုမှ
ရွေးမေးခိုင်းနေရလားဗျာ "

Summer Donatella • Taegi || COMPLETED ||Where stories live. Discover now