Chapter 36 (Unicode)

13.6K 1K 40
                                    

လွှမ်းအခန်းကို ဖေဖေဝင်လာသည်။ ဖေဖေက အပြင်အဝတ်အစားကို ဝတ်ထားလို့ တစ်နေရာကို သွားမယ့်သဘောရှိသည်။ အနားကိုရောက်လာကာ ဖေဖေက လွှမ်းကို စေ့စေ့ကြည့်လာသည်။

"ချစ်ရိပ်လွှမ်း ငါ အပြင်ခဏသွားဦးမယ်၊ ငါမရှိတာနဲ့ ထွက်ပြေးဖို့ စိတ်မကူးနဲ့၊ ဦးနှောက်မရှိတဲ့ အလုပ်လုပ်ရင် ဂျင်ဂျာပဲ ဒုက္ခရောက်မယ်ဆိုတာ မှတ်ထား"

"ဟုတ်"

"ငါမရှိတာနဲ့ ဟိုကောင့်ကို ဒီအိမ်ပေးမလာနဲ့နော်၊ မိရင်တော့လား၊ ပုဒ်မတပ်ပြီး အရေးယူပစ်မယ်"

"ဟုတ်"

"အေး .. ငါမှာတာတွေ အကုန်မှတ်ထား၊ ကြားလား"

"ဟုတ်ဗျာ ဟုတ် ဟုတ်"

"လူကြီးကို လာမရွဲ့နဲ့၊ ဖြတ်ရိုက်လိုက်မယ်"

"ဪ ဒုက္ခပဲ ..သွားစရာရှိတာ သွားပါလား၊ ကိုကို ဒုက္ခရောက်မှာစိုးလို့ ကျွန်တော်ကလည်း ဒီအိမ်ကို လာမတွေ့ခိုင်းဘူး"

"မင်းကိုလေ ဂျင်ဂျာနဲ့ရော ထိုက်သူစိုးနဲ့ပါ သဘောမတူဘူးလို့ မှတ်ထား၊ ငါ့ရဲ့ကယ်တင်ရှင်ကို တွေ့ပြီကွ၊ သွားတွေ့လိုက်ဦးမယ်"

ဖေဖေက ဘယ်သူ့ကို သွားတွေ့လဲဆိုတာ ကိုကိုပြောလို့ လွှမ်းက အားလုံးသိပြီးသား။ လွှမ်းတို့အစီအစဉ်က ကိုကိုက လွှမ်းကို စာချုပ်တစ်ခုနှင့် အပေးအယူ လုပ်ပြီး သိမ်းပိုက်မယ့်အစီအစဥ်။ အဲ့ဒီအစီအစဥ်ကို ဖေဖေလက်ခံမှာလား။ သူ့အစ်ကိုကြီးဆီပဲ အညံ့သွားခံမလား။ ကိုကိုနှင့်လွှမ်းက ပြဿနာအကင်းဆုံးလမ်းကို ရွေးချယ်ပြီးတော့ လျှောက်နေကြတာ။ အစီအစဥ်က တလွဲတချော်မဖြစ်ဖို့ မျှော်လင့်မိသည်။

Sakura ဂျပန်စားသောက်ဆိုင်

လွှမ်းအောင်နိုင်သည် ချိန်းထားသောအချိန် မတိုင်မီ  ဂျပန်စားသောက်ဆိုင်ကို ရောက်လာသည်။ ကိုယ့်ကို ငွေချေးပေးမယ့်သူဌေးက ဦးမင်းဆက်တဲ့။ မိတ်ဆွေတစ်ယောက်က ကြားခံလုပ်ပေးပြီး ချိတ်ပေးခဲ့တာ။ ဘာပဲပြောပြော မိတ်ဆွေရင်းတွေက အဖက်မလုပ်ကြချိန်မှာ ငွေချေးပေးမယ့် သူဌေးက ကိုယ့်အတွက် ကူကယ်ရာပဲ။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now