Chapter 34 (Unicode)

13.2K 1K 51
                                    

အခုချိန်မှာ ထိုက်သူစိုး စိတ်အတိုမိဆုံးက လေးလေးကိုပဲ။ လွှမ်းကို မရိုက်ပါနဲ့လို့ တောင်းဆိုထားတာကို ကတိမတည်ပေးဘဲ အခန်းတံခါးပိတ်ပြီး ရိုက်နှက်ပစ်လို့ လေးလေးကို အရမ်းစိတ်တိုသည်။ လွှမ်းက ကိုယ့်ကို မောင်းထုတ်နေပေမယ့် ထိုက်သူစိုးသည် ဒီအိမ်ထဲက ထွက်မသွားဖြစ်သေးဘဲ လေးလေးကို သွားတွေ့သည်။

"လွှမ်းကို မရိုက်ပါနဲ့လို့ ကျွန်တော်ပြောတယ်လေ၊ ဘာဖြစ်လို့ ကလေးကို မချိမဆံ့ဖြစ်အောင် ရိုက်တာလဲဗျ၊ လေးလေး အရမ်းဆိုးတယ်ဗျာ၊ လေးလေးက ဘယ်လိုအဖေလဲ"

"ထိုက်သူစိုး မင်း ဘာဖြစ်နေတာလဲ၊ ဒီကောင်လေးကို ငါရိုက်လာတာ အခုမှမဟုတ်ဘူး၊ ငါ့သားအဖြစ် မွေးစားလိုက်ကတည်းက ရိုက်ပြီး ဆုံးမလာတာ"

"လွှမ်းကိုရိုက်ရင် ကျွန်တော့်ကိုရိုက်သလိုပဲ နာတယ်ဗျ၊ နောက်တစ်ခါ လွှမ်းကို ထပ်မရိုက်ပါနဲ့၊ လွှမ်းကိုရိုက်ဖို့မပြောနဲ့၊ ဆံချည်တစ်မျှင်တောင် လွင့်အောင် မလုပ်ပါနဲ့"

"မင်းမဟုတ်တော့ဘူး၊ ငါ့သားကို ငါရိုက်တာ၊ မင်းက ဘာကိစ္စ ဝင်ပါနေတာလဲ"

"လွှမ်းကိုထိရင် ကျွန်တော်ပါ နာကျင်ရတယ်ဆိုမှ‌တော့ လွှမ်းကို ကျွန်တော်ချစ်လို့ပေါ့ဗျ"

"ဘာ! မင်းကလည်း ချစ်ရိပ်လွှမ်းကို"

"ဟုတ်တယ်ဗျာ၊ လွှမ်းလေးကြောင့် ကျွန်တော် gay သွားတာ၊ လွှမ်းကိုမှ မရရင် ကျွန်တော်ရူးလိမ့်မယ်၊ ကျွန်တော် ရောဂါကျွမ်းနေပြီ လေးလေးရ"

"မင်း ဒီလိုဖြစ်နေတာ မင်းအဖေသိလား၊ ချစ်ရိပ်လွှမ်းဆိုတာ မင်းညီလေးပဲလေ ထိုက်သူစိုး"

"ကျွန်တော်တို့ ဘာမှမတော်တာ လေးလေးအသိဆုံး၊ ဝမ်းကွဲအစ်ကိုဆိုတဲ့ ခေါင်းစဥ်အောက်ထဲ ကျွန်တော့်ကို လာဆွဲမသွင်းနဲ့၊ ကျွန်တော်က ဘယ်တုန်းကမှ လွှမ်းကို ညီလေးလို သဘောမထားဖူးဘူး"

"မင်းတို့နှစ်ယောက် အမျိုးတော်တော် မတော်တော် ချစ်ရိပ်လွှမ်းကို ယောင်္ကျားမပေးစားနိုင်ဘူး"

"Moon Star ရဲ့မြေးထက်စာရင် ကျွန်တော်နဲ့ သဘောတူရမှာ၊ လေးလေးက Moon Star နဲ့ ရန်သူလေ"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now