ဒီလိုနဲ့ ရှောင်ကျန့်နဲ့ရီပေါ်၏ ဘဝအကွေ့ ‌လေး ပျော်စရာကောင်းခဲ့သည်။

ဒီကုန်ဆုံးသွားသော သုံးလတာ အတွင်း မင်ယွဲ့၏
အချိန်ကြာမြင့်‌နေပြီး ဖြစ်တဲ့ ကိစ္စရပ်လေးတစ်ခု ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။ ဤသည်မှာ မင်ယွဲ့သည် ကျိုးကိုတစ်ကယ် နှစ်သက်မိနေ၍ စတင်ဝန်ခံမည့် အ‌ကြောင်းပင် ဖြစ်သည်။

ဟောက်ရွှမ်တို့အတွဲကတော့ လက်ထက်ဖို့အတွက် တိုင်‌ပင်နေကြပြီး ယီဘင်နှင့် ကျန်ချန်းကတော့
ရည်ရွယ်ချက်ကြီးစွာဖြင့် လူပျိုကြီးများလုပ်ရန်
ခိုင်မာစွာ ဆုံးဖြတ်ထားကြလေသည်။

သို့သော် ရီပေါ်မည်သည့်အရာကိုမှ မျက်စိစုံမှိတ်၍ မယုံကြည်ရဲသေး။ ပျော်ရွှင်ခဲ့သောအချိန်များသည် မျက်ခွံလေးအပိတ်တွင်တွင် ပျောက်ကွယ်သွားမှာကို သူစိုးရိမ်သည်။

တစ်နေ့ ..........

ရီပေါ်ဆီကို ရောက်လာတဲ့ ဖုန်း‌call လေးတစ်ခု ။
ရီပေါ်ကို နှလုံးသွေးမျာရပ်စေသည်။

ဒီလောက်‌ပဲ ရေးတော့မယ်နော် ။ အသွန်းမျက်လုံးမဖွင့်နိုင်တော့လို့ ။😓❤️❤️





[Unicode]
"ရီပေါ် ..... ကိုယ် ကလေးကို  နောက်တစ်ကြိမ် ပြန်လက်ထက်ချင်တယ်။ ကိုယ့်ကို လက်ခံပေးပါလား ?။

ဟုဆိုရင်း လက်စွပ်လေးအား ကိုင်ကာ ဒူးထောက်ထိုင်ပြီး လက်ထက်ခွင့်တောင်းနေသော ကိုကိုကြောင့် ရီပေါ်ရှောင်ကျန့်ကို မျက်လုံးလေးအ၀ ဝိုင်းသားနဲ့ အံ့ဩစွာ ကြည့်နေမိလေသည်။

*မယုံနိုင်ဘူး ....ကိုကိုက ကျွန်တော့်ကို လက်ထက်ခွင့်တောင်းနေတာ ။နှစ်ယောက်တည်း ရှိတဲ့အချိန်မှာတောင် မဟုတ်ဘဲ လူအများကြီးရှိတဲ့ နေရာ ၊ လူအများဆုံး ရက်ကြီးမှာ ကိုကိုက ဒူးထောက်ပြီးတောင် လက်ထက်ခွင့် ‌တောင်းနေတာပဲ။  မားရေ....ဒါအိမ်မက် များလားဗျာ ။ ယုံတောင် မယုံနိုင်ဘူး ။*

ရီပေါ်တစ်ယောက် ပျော်လွန်း၍ အတွေးကမ္ဘာထဲတွင် စကားများပြောနေသော်လည်း တကယ့်တကယ်တွင်မူ ရီပေါ်ဘာစကားမှ မပြောနိုင်တော့ဘဲ ပြုံးနေလျှက်နှင့်ပင် မျက်ရည်ကျ‌နေမိလေသည်။

BAD BOYDonde viven las historias. Descúbrelo ahora