ဟုဆိုကာ ရီပေါ်တစ်ယောက် နှုတ်ခမ်းကြီးဆူကာ  ရှောင်ကျန့်လက်ထဲမှ လက်စွပ်နားအား လက်သွားပေးကာ နေလေသည်။

"ဪ......ပြောတော့ လက်မခံဘူးဆို "

ရီပေါ်ကာ လက်စွပ်စွတ်ပေးရန် လက်လာပေးတော့ ရှောင်ကျန့် ညစ်ကျယ်ကျယ် အပြုံး တစ်ချက်ပြုံး လိုက်ပြီး ရီပေါ်အား စလိုက်တော့ ရီပေါ်၏ ဘုဆက်ဆက်အကြည့်လေးအား ရှောင်ကျန့်ရလိုက်ရလေသည်။

" ဘာတွေပြောနေတာလည်း ခုဏက ကလေးငြင်းလိုက်တဲ့သူက ကလေးကို လှောင်ပြီး ပြုံးနေတဲ့သူလေ။အခု ကလေး လက်စွပ် ‌တောင်းတဲ့သူက အခြားသူမှ မဟုတ်တာ။ အဲ့ဒီလူက ကိုကိုပဲဟာ ကလေးကငြင်းစရာလား.....စိတ်ချ ဘယ်တော့မှမငြင်းဘူး ။ ကိုကိုသာ ကလေးနားမှာ နေ‌နိုင်အောင်နေ ။ "

"ဟားဟား ....ဟုတ်ပါပြီဗျာ ...."ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ဒူးလေးပြန်ထောက်ကာ ရီပေါ်အား လက်စွပ်စွတ်ပေးလိုက်လေသည်။

"အရမ်းချစ်တယ် ကလေး ။ ဒီနေ့က စပြီး ကိုကိုတို့က နှစ်ကိုယ့်တစ်စိတ်ပဲနော် ကလေး။ တစ်ယောက်က အမှားလုပ်မိရင် နောက်တစ်ယောက်ပါ အပြစ်ခံရမယ် ။သေတဲ့အထိ မခွဲကြဘူးနော် ။ " ဟုဆိုရင်း လက်သန်းလေးထောင်ကာ ကတိတောင်းနေသော ကိုကို‌ကြောင့် ရီပေါ်သဘောကျစွာ ပြုံ၍ ကတိပေးလိုက်လေသည်။

...................…...….....….……...…................

ဘာလိုလိုနဲ့ ရီပေါ်တို့တောင် ဒုတိယအကြိမ် လက်ထက်ပြီး၍ သုံးလဆိုတဲ့ အချိန်ကာလတောင် ဖြတ်သန်းခဲ့ပြီးပြီး ဖြစ်သည်။ထိုသုံးလအတွင်း ကိုကိုက ရီပေါ်ကို ဂရုစိုက်သည်။ မားတို့အိမ်ကိုလည်း သူငယ်ချင်းတွေနဲ့ ပြန်ဖြစ်ကြသလို နှစ်ဦးတည်းလည်း ပြန်ဖြစ်ခဲ့ကြတယ် ။

ရီပေါ်အမှားတစ်ခုခု လုပ်မိတိုင်း ရှောင်ကျန့်က ဆုံးမတတ်သလို ၊ တစ်ခါတစ်လေ မားတို့ဆီက မလိမ္မာ၍ ရီပေါ်အပြစ်ပေးခံရလျှင်လည်း ရှောင်ကျန့်ကသာ ဝင်အပြစ်ခံလေ့ရှိတယ်။

ကျောင်းပိတ်တဲ့ရက်တွေမှာ မိုက်ခဲ့ဖူးတဲ့ အပြစ်တွေအတွက် ဆရာ၊ဆရာမတွေကို ပြန်တောင်းပန်ကြတယ်။ အချို့အချို့သော ကျောင်းပိတ်ရက်များတွင် အုပ်စုဖွဲ့၍ မိုက်တတ်ပြီး ၊ အချို့အချို့ နေ့များတွင် အုပ်စုလိုက် ပျော်ပွဲစားထွက်ကြသည်။

BAD BOYWhere stories live. Discover now