𝑷𝒂𝒓𝒕 1

19.3K 907 23
                                    

"ကျစ် စိတ်ပျက်စရာပဲ"

မနက်စောစောထရတာကဝမ်ရိပေါ်အတွက်လွယ်ကူမနေဘူး။
ဒီနေ့ရိပေါ်တို့ကျောင်းမှာကပွဲရှိသည်။
ရိပေါ်ကအကတော်သူမို့ထိုပွဲရဲ့ပွဲဦးထွက်ရတနာလေး။
စာသင်ချိန်သာစိတ်မဝင်စားတာ အကဆိုကြုံရင်ကြုံသလိုလမ်းဘေးမှာပါဝင်ကတတ်တဲ့ရိပေါ်ရယ်ပါ။

"သောက်ပြသာနာပဲ!!ဒီနေ့ကျောင်းမှာကပွဲရှိနေလို့သာပေါ့
မဟုတ်ရင်နေဖင်ထိုးအောင်ဆက်အိပ်ပြီး ကျောင်းနောက်ကျမှသွားပစ်မှာ"

စိတ်ရှုပ်ရှုပ်နှင့်ပင် အိပ်ယာမှထပြီး ရေချိုးခန်းထဲ ဆံပင်တစ်ဖွဖွနဲ့ဝင်သွားသော ၀မ်အိမ်ကနှစ်ယောက်မရှိတဲ့သခင်လေးဝမ်ရိပေါ်။

**********

"ဟေ့ကောင် ရိပေါ် မင်းကလည်းကပွဲရှိတာသိသိကြီးနဲ့နောက်ကျမှလာရလားကွ"

ကျောင်းဝန်းကြီးထဲဆိုင်ကယ်ထိုးရပ်ပြီးဝင်လာစရှိသေး။
နှမပေးယွိပင်းကဟောက်တော့တာပဲ...
လူကအိပ်ရေးမ၀လို့စိတ်မကြည်ပါဘူးဆိုမှ...

"ဘောကိုနောက်ကျပါလား ဒီထက်လည်းစောအောင်မထနိုင်တော့ဘူး ဒါမိုင်ကုန်ပဲ"

ရိပေါ်ရဲ့ဟောက်ခြင်းကိုခံလိုက်ရပေမယ့် ယွိပင်းတို့ကပြုံးပြုံးပဲ။
ဒီအရိုင်းကောင်ပြောသမျှခံလာတာကြာပြီမို့ဒီလောက်တော့ဖြုံတောင်မဖြုံတော့။

"ထားပါ အမြန်သွားပြီးပြင်ဆင်တော့ ဟိုမှာပွဲကစ‌တော့မယ်"ယွီပင်းတစ်‌ယောက် ဝမ်ရိပေါ်ကျောကိုတွန်းရင်း ပြင်ဆင်ခန်းသို့ခေါ်သွား‌လေသည်။

***********
"ယွီပင်း မင်းဘာလိုက်လုပ်ပြန်ပြီလဲကွာ"

ဖျော်‌ဖြေပြီးသွားသဖြင့်သန့်စင်ခန်းထဲသွားမည်လုပ်သည်ကိုယွိပင်းကအကျီစတစ်ဆွဲဆွဲနှင့်ကပ်ပါလာသည်။

"မပြန်နဲ့ဦး ရိပေါ်ရ ဒီပွဲကမင်းရှိလို့စည်နေတာ မင်းပြန်လို့မရသေးဘူး"

ဒီကောင်နဲ့တော့စောက်ပြသာနာပဲ!!
လူက‌သေးပေါက်ဖို့လာပါတယ်ဆိုမှ ထွက်ပါကျတော့မယ်...

"အေ မင်းဖေကသေးပေါက်ဖို့ထွက်လာတာ -ီးဖြစ်လို့ဆွဲထားတာလား ဒီမှာထွက်ကျတော့မယ် မင်းပါးစပ်ထဲထည့်ပေါက်ရမှာလား!!!"

𝑴𝒀 𝑺𝑼𝑮𝑨𝑹 𝑮𝑬 𝑮𝑬(𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now