* အဆင်မပြေဘူးမောင် ။ မောင့်ကိုမတွေ့ရတဲ့ရက်တွေမှာ မ မောင့်ကို တအားလွမ်းမှန်းသိလာတယ် ။ဘာမျှော်လင့်ချက်မှ မထားဘဲ မ လိုရောဂါသည်တစ်ဉီးကို မောင် မငြိုငြင်ပဲ ချစ်ပေးခဲ့တယ်။ နည်းပါးလှတဲ့ အချိန်အတွင်းမှာ ချစ်ခဲ့ကြပေမဲ့ မောင်က မ ကိုအသက်ရှင်ချင်တဲ့စိတ်လေးဖြစ်အာင် လုပ်နိုင်တယ်။

ရောဂါပျောက်ရင် လက်ထက်ကြမယ်ဆိုတဲ့ စကားကြောင့် မောင် ကလေးတစ်ယောက် လိုချင်တဲ့ရသွားတဲ့ မျက်နှာလေးနဲ့ ပြုံးနေချိန် မ ရင်ခုန်နေခဲ့တယ်။ စိတ်ထဲမှာ မောင်နဲ့ ဒီထက်စောစောလေး တွေ့ခဲ့ကြရင် ကောင်းမှာပဲလို့ တွေးခဲ့မိတယ် ။ ခုရော မောင် ‌စောင့်နေပါ့မလား မကို။ အရမ်းလွမ်းတယ် မောင်ရယ် ...။*

လင်းတစ်ယောက် အတွေးများမောင့်ဆီ အလည်သွားနေတုန်း လွမ်းစိတ်ကြောင့် ပါးပြင်ထက်တွင် မျက်ရည်များက စီးကျလာခဲ့လေသည်။

.....................................................................................................................................................................

"ကိုကို ဒါက ကလေးအတွက် အရုပ်လေးလားဟင်?။"

"မဟုတ်ပါဘူး...... အဲ့ဒါ ဟောက်ရွှမ်က ရှင်းချန်အတွက် ၀ယ်လာတာကြီး ။"

ထိုအခါ နှုတ်ခမ်းလေးဆူပြီး မျက်ရည်များဝဲနေသော ရီပေါ်က အသံလေး တိုးရှစွာဖြင့် .................

"ဒါဆို ကလေးအတွက်ကရောဟင် ? ။ ကလေးအတွက်ရော အရုပ်လေး 
မပါဘူးလာဟင်? ။"

ရီပေါ်တစ်ယောက် ဘွဲ့ယူမည့်နေ့တွင် ကျောင်းသို့စော၍ရောက်နေရာ ဘေးမှ အတန်းတူအဖော်များက ချစ်ရသူကိုယ်စီနဲ့ လက်လေးတွဲကာ အရုပ်လေးတွေပေးတာ
မြင်တော့ ရီပေါ် စိတ်ထဲ၌ကြိတ်၍ အားကျမိလေသည်။ တစ်ဆက်တည်းမှာပဲ ကိုကိုသာ ပေးရင်ကောင်းမှာပဲလို့လည်း တွေးနေမိလေသည်။

သို့သော် လက်တွေ့၌မူ .................

"ဘာလုပ်မလို့လဲ ကလေးလေးရဲ့.....။ ‌သေးသေးကွေးကွေးတွေ ဘာမှလည်းလုပ်လို့ရတာ မဟုတ်ဘူး ။"

ဟုဆိုကာ အရုပ်ဝယ်ပေးမည့်ပုံ မပေါ်သည့် ရှောင်ကျန့်ကြောင့် ရီပေါ်မျက်ရည်များဝဲလာကာ စိတ်မကောင်းစွာဖြင့် ရှောင်ကျန့်အား ကျောပေးကာ မျက်ရည်စများကို ခိုးသုတ်လိုက်လေသည်။

BAD BOYWhere stories live. Discover now