…......................................................................

"ကိုကို ဘာလိုလိုနဲ့ ကလေးတောင် ဘွဲ့ယူရတော့မယ်နော် ။ အချိန်တွေက ကုန်တာအရမ်းမြန်တယ် ။လင်းတောင် အိမ်ကထွက်သွားတာ အတော်ကြာပြီး.......သူမ နေကောင်းရဲ့လား? ။"

ဟုဆိုကာ ရှောင်ကျန့်ရင်ခွင်ထဲကို ခေါင်းလေးမှီကာ မေးတော့ ...............လေပူတစ်ချက်မှုတ်ထုတ်ကာ ငြိမ်ကျသွားသော ရှောင်ကျန့်ကို ကြည့်ပြီး ရီပေါ်စိတ်ထဲမှ ကြိတ်ပြုံး‌လိုက်မိလေသည်။

*ဘာလဲ... မတွေ့ရတော့လို့ စိတ်ထဲဝမ်းနည်းသွားတာလား ကိုကို ? ။ ဒါမှမဟုတ် ကျန်းမာရေးအတွက် စိတ်ပူနေတာများလာ ? ။ ဒါဆိုရင်တော့ ပူမနေပါနဲ့....... သူသာလိမ္မာနေသရွေ့အကုန်လုံးက သူ့အတွက်ကြီးပါပဲ။ ကိုကိုကတော့ ထင်နေမှာပေါ့ .... စာလေးတစ်စောင်ထားပြီး ခြေရာဖျောက်သွားတယ်လို့ ....တကယ်တော့ မေ့ဆေးပေးပြီး အဖမ်းခံလိုက်ရတာလေ ။ ဟက် !။"

ရီပေါ်တစ်ယောက် တွေးနေရင်းနှင့်ပင် စိတ်ထဲကလှောင်ရယ်မှုသည် အပြင်ပိုင်းရုပ်ကိုပါ သက်ရောက်စေမိတော့ ရှောင်ကျန့်က အံ့ဩစွာဖြင့် မေးလေသည်။

"ကလေး ဘာတွေသဘောကျပြီး ပြုံးနေတာလဲ ?။" ဟူသော ရှောင်ကျန့်၏စကားကြားမှ  ရီပေါ် ကိုယ့်ကိုကိုယ် သတိထားမိတော့ ရယ်ဆက်ဆက်ဖြင့် ...................

"ကိုကို့ ပုံစံက ချစ်စရာကောင်းလို့ပါ ။" ဟုဆိုကာ ဟန်ဆောင်မုသား ဆိုလိုက်လေသည်။

…......................................................................

" လင်းကို ဘာလို့ဖမ်းထားတာလဲဟင် ? ....... လင်းဆီမှာ ငွေလည်းအများကြီး မရှိပါဘူး ။လင်းကို ပြန်လွှတ်ပေးပါရှင် ....လင်းမောင့်ကို တွေ့ချင်လို့ပါ ။ လင်းပျောက်နေရင် မောင်အရမ်း စိုးရိမ်နေရှာမှာ ။ ‌တောင်းပန်ပါတယ်ရှင် ...လင်းမောင့်ကို အရမ်းတွေ့ချင်လွန်းလို့ ... ကျေးဇူပြုပြီး လွှတ်ပေးပါရှင် ။"

ဟုဆိုကာ လင်းတစ်ယောက် ရှေ့မှမိမိအား ဖမ်းထားသော အကောင်ထွားထွား လူမိုက်ကြီးများအား လက်အုပ်ချီကာ ငိုယို၍တောင်းပန်နေလေသည်။

သို့သော် ဘယ်လောက်ပြောပြော  တုံ့တုံ့မျှမလှုပ်သော လူမိုက်ကြီးများကြောင့် လင်း ‌မျှော်လင့်ချက်မဲ့သွားသူ တစ်ယောက်ကဲ့သို့  ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ်ကဲ့သို့ ပုံလျှက်သား ကျသွားလေသည်။

BAD BOYWhere stories live. Discover now