"တောင်းပန်ပါတယ် ....မောင့်ကိုစိတ်ဆင်းရဲစေမိပြီး။ မ.....အခု ထွက်သွားပေးပါ့မယ် ။"

လင်းတစ်ယောက် ရှိုက်ကြီးတငင် ငိုကာ အိမ်ကနေထွက်သွားပေးပါ့မယ်လို့ ပြောတော့ ရှောင်ကျန့်က ၀မ်းနည်းစွာဖြင့် လင်းအား ရင်ခွင်ထဲတွင် ဖက်ထားလိုက်လေသည်။

*တောင်းပန်ပါတယ် မ။ မရဲ့အချစ်တွေ ကျွန်တော်မြင်ပါတယ် ။ မက ကျွန်တော့်ကို အမြဲတမ်းအနစ်နာခံပြီး ချစ်ပေးခဲ့တယ်ဆိုတာလည်း ကျွန်တော်သိပါတယ်။ကျွန်တော်မကို ချစ်ခဲ့ပါတယ်။ ဒါပေမဲ့....................*

ရှောင်ကျန့်တစ်ယောက် လင်းအားဖက်ထားကာ အတွေးလွန်နေတုန်း မလှမ်းမကမ်းမှ မျက်ရည်များကျကာ ကိုကို ဟု ယောင်နေသော ရီပေါ်ကြောင့် လင်းအားဖက်ထားသော လက်များကို အမြန်ဖယ်လိုက်လေသည်။

*ဘာလို့လဲ ကိုကို ။ ကျွန်တော် အိပ်ရင်းယောင်နေတယ် ထင်နေတာလား?။တကယ်တော့ နှလုံးသားက ဒဏ်ရာကအရမ်းပြင်းလွန်းလို့ မခံစားနိုင်ဘဲ အော်ငိုမိတာပါ ။*
............................................................................................................................................................

"ကျိုးလေးရေ ......မင်မင်ကို သူစာပြန်လားဟင် ?။"

"ဟင်အင်း ။"

ကျိုးကမင်ယွဲ့၏ အမေးကို ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်ပြီး မိမိရှေ့မှ ကွန်ပျူတာပေါ်တွင်သာ အာရုံစိုက်ကာ စာရိုက်နေလေသည်။ ကွန်ပျူတာ လက်ကွက်ပေါ်တွင် ပြေးလွှားနေသော ကျိုး၏လက်ချောင်းသွယ်သွယ်များကို မင်ယွဲ့တစ်ယောက် ကြည့်မှန်းမသိ စိုက်ကြည့်နေမိလေသည်။

အသိပြန်ဝင်လာတော့ မင်ယွဲ့၏လက်များသည် ရှေ့မှလက်ချောင်းသွယ်သွယ် ပိုင်ရှင် ကျိုး၏လက်ကို အုပ်မိုးကာ ကိုင်ထားမိလေသည် ။

ထိုအခါတွင် မိမိအား မျက်မှောင်ကြီးကျုံ့ကာ စိုက်ကြည့်နေသော ကျိုးကြောင့် မင်ယွဲ့တစ်ယောက် ပါလာသော အထုတ်များကို မိမိရရဆွဲထားကာ ရယ်ဆက်ဆက်နှင့် ကျိုး၏ဘေးမှ အလျင်အမြန်ကုန်းထလိုက်လေသည်။

"ပြန်တော့မယ် .....ဟဲဟဲ ။"

"အယ် ! ဘယ်ကိုပြန်မလို့လဲ ? ။ အခုပဲအိမ်လာလည်တာလေ.......အေးအေးဆေးဆေးနားပါဉီးလား ။"

BAD BOYWhere stories live. Discover now