Chapter 30 (Unicode)

17.7K 1.3K 51
                                    

မြတ်တော်ဝင်မှ လွှမ်း ပြန်လာသည်။ အိမ်ရှေ့မှာ ကားရပ်သံကြားတာနဲ့ မေမေက အိမ်ထဲက ထွက်လာသည်။ မေမေနှင့်လွှမ်းက အိမ်ရှေ့ခန်းမှာ တွေ့ကြသည်။

"သားလွှမ်း ပြန်လာပြီလား၊ လက်ကိုင်ပုဝါရထားတဲ့ ကောင်လေးက တကယ်ပဲ သားရဲ့ကိုကိုဂျင်ဂျာလား"

"ဟိ! ပျော်လိုက်တာ မေမေရာ၊ ကိုဆက်နဲ့ ကိုကိုက တစ်ယောက်တည်း၊ ကိုကိုက ဒီနှစ်တွေမှာ ကျွန်တော့်ကို လိုက်ရှာနေတာ၊ ကျွန်တော်က နာမည်ပြောင်းလိုက်လို့ရော ဆံပင်အရောင်ကပါ မည်းနက်နေလို့ ကျွန်တော့်ကို ပြန်ရှာမတွေ့တော့တာ"

"ဟုတ်လား၊ သားလေး အိမ်ပြန်လာတာကိုပဲ မေမေအရမ်း ဝမ်းသာနေတာ၊ မေမေစိတ်ပူတာ သားက ဂျင်ဂျာနဲ့များ ပြန်နေပြီးတော့ မေမေ့ဆီကို ပြန်မလာတော့ရင်လို့"

"ကိုကိုက သူနဲ့ပဲအတူနေဖို့ ခေါ်နေတာဗျ၊ ကျွန်တော်က မေမေ့ကို မထားခဲ့နိုင်လို့ ငြင်းလိုက်တာ၊ ကိုကိုက ရွှေတောင်ကြားလမ်းမှာ နေတာ၊ အိမ်ကြီးကို ဟီးနေတာပဲ၊ Moon Star Construction ဆိုတာ ကိုကိုတို့ကုမ္ပဏီ၊ ကိုကိုက အမွေဆက်ခံသူပဲ၊ ကိုကို့နာမည်အသစ်က ရှင်မင်းဆက်"

"သားလွှမ်း ကံကောင်းတာပေါ့၊ မေ့သားက သူနဲ့ပဲ ယူမှာမဟုတ်လား၊ မေမေ့ကို မှန်မှန်ပြော"

"ဟုတ်၊ ကျွန်တော် ကိုဆက်ကို ရင်ခုန်သွားလို့ အဖြေပြန်ပေးပြီးပြီ၊ ချစ်သူဖြစ်ပြီးမှ ကိုကိုမှန်း သိတာ"

"ချစ်သူဖြစ်နေပြီဟုတ်လား၊ ဒီကောင်လေး မေမေ့ကို လျှိုတယ်ကြည့်စမ်း၊ မေမေ့ဆီကို ခေါ်လာခဲ့ဦး၊ ဂျင်ဂျာက ဘယ်လိုပုံစံလဲ မေမေလည်း သိချင်တာပေါ့"

"ဟုတ် မေမေ၊ ကိုကိုက အရမ်းချောတာဗျ၊ မေမေမြင်ရင် ကြွေသွားမှာ"

"မေမေက သမက်လေးကို ကြွေရမှာလား သားရယ်၊ မေ့သားကတော့ တကယ်ပဲ၊ သားအဖေသာ ကြားလို့ကတော့ ပြောလိုက်မယ့်ဖြစ်ခြင်း"

"ကိုကိုက တကယ်ချောတာဗျ၊ အတန်းထဲ ဝင်လာရင်လေ ကောင်မလေးတွေက သူ့ကိုဝိုင်းကြည့်ကြတာ၊ ကျွန်တော်လည်း အဲ့ဒါကြောင့် ကြာလာတော့ ကိုကို့ကို ကြွေသွားတာ၊ ကိုကိုက ကျွန်တော့်ကို ကာကွယ်ပေးတတ်တယ်၊ အရမ်းလည်း ချစ်တတ်တယ်"

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now