ည ၈နာရီထိ အခန်းထဲမှ မထွက်လာသော ရှောင်ကျန့်တို့ကို လင်းကတံခါးခေါက်ကာ သွားမေးတော့ ........

"မောင် ! ....မောင် ရေ ....မောင် " ဟုဆိုရင်း ပါးစပ်ကလည်းခေါ် လက်ကလည်းတံခါးကို ထုနေသော လင်းကြောင့် အခန်းထဲမှ ရှောင်ကျန့်၏ ထူးသံထွက်လာခဲ့လေသည်။

"‌ဘာလဲဗျာ ......"

အိပ်ချင်မူးတူးအသံက ပင်ပန်းလွန်း‌နေ၍ ထပ်ပြီးမခေါ်ပါနဲ့ဟု တောင်းပန်နေသယောင်။
ထို့ကြောင့် လင်းလည်းအခန်းတံခါးရှေ့မှ ထွက်လာခဲ့ကာ မွေးနေ့ကိတ်ရှေ့တွင် တစ်ယောက်ထဲ
ငူငူငိုင်ငိုင်နဲ့ ထိုင်နေလေသည်။

12ထိုးဖို့ 5မိနှစ်အလို ..........

အမှောင်ထဲတွင် ကိတ်ပေါ်မှဖယောင်းမီး အလင်းနှင့်သာ ထိုင်နေသောလင်း......
လက်နှစ်ဖက်ကို ထိရုံမျှထိကာ တီးခတ်နေသော လင်း .......
မျက်ဝန်းများက အရမ်းဝမ်းနည်းနေပြီး အထီးကျန်နေသောလင်း ..........
ငိုကျွေးဖို့ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ကို လိုချင်နေသော လင်း..........

"ဟက် ပီ ပက် ဒေး တူး ယူ .......
ဟက်....ပီ ....ပက် ....ဒေး ....တူး ....ယူး ....
ဟက် ....ပီ ....ပက်.....ဒေး ...ဟက်...ပီး ...ပက်... ဒေး....ဟက် ....ပီး ...ပက် ....ဒေး တူးယူ ...

မွေးနေ့မှာ အမြန်ဆုံး‌ ပျောက်ကွယ်သွားပါစေ "

ဟုဆိုရင်း မွေးနေ့ကိတ်လေးအား မီးမှုတ်လိုက်လေသည်။ထို့နောက် လက်ညိုးလေးဖြင့်
ထိကာ ခရင်များအား လင်းသူ့ပါးပြင်ကို သူသုတ်လိုက်လေသည်။

"မောင် ! .....မ ရဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေ ။
နောင်ဘဝသာ ရှိခဲ့ရင် မ ကိုဒီလိုမရက်စက်ပါနဲ့နော် ။
မောင် မှတ်မိပါ့မလား ? ။ မရဲ့မွေးနေ့မှာ မောင်နဲ့မ လက်ထက်ခဲ့တာကို ။ မကတော့ မှတ်မိတယ် ...
လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး‌ မ ရဲ့‌မွေးနေ့တိုင်းက ကြောက်ဖို့ကောင်းခဲ့တယ်။ ငါးနှစ်အတွင်း မ တစ်ခါမှ မွေးနေ့မလုပ်ခဲ့ဘူးမောင်။

မ မောင့်ကို အရမ်းချစ်တယ် "

......................................................................

"မောင် မနက်စာ စားသွားလေ.......
မ မောင့်တို့အတွက်ပြင်ထားပေးတယ် ...."

BAD BOYWhere stories live. Discover now