Chapter 28 ( Unicode)

14.6K 1.2K 73
                                    

မင်းဆက်တို့နှစ်ဦးစလုံးသည် အချိန်အခိုက်အတန့် တစ်ခုကြာမှ အနမ်းဝေဖြာခြင်းမှ ရပ်ပြီး တစ်ဦးကိုတစ်ဦး မျက်လုံးချင်းဆုံ၍ ငေးကြည့်ကြပြန်သည်။

"လွှမ်းကို တစ်နေရာကို ခေါ်သွားချင်လို့"

"ဘယ်ကိုလဲ"

"မင်းကို စွဲစွဲလမ်းလမ်း ဖြစ်သွားခဲ့တဲ့နေရာကို"

"အင်းယားကန်ပေါင်လား"

"အင်း၊ သွားရအောင်နော် လွှမ်း"

"သွားမယ်လေ ကိုဆက်"

မင်းဆက်တို့တွေ ဟိုတယ်မှ ထွက်လာကြကာ အင်းယားကန်ကို ရောက်လာကြသည်။ အင်းယားရောက်တော့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်ကြသည်။

"ကားပေါ်က ယူလာတာ ဘာဘူးလဲ ကိုဆက်"

"ကိတ်မုန့်ဘူး၊ လွှမ်းကို လာခေါ်တာနောက်ကျသွားလို့ မနက်တုန်းက ကိုယ့်ကို စိတ်ကောက်သွားတယ်မဟုတ်လား၊ အဲ့ဒါနဲ့ ပြန်ချော့ရအောင် ဝယ်လာတာ"

"ကျွန်တော့်ကို ကိတ်မုန့်နဲ့ ချော့လို့ရမှန်း ကိုဆက်က ဘယ်လိုသိတာလဲ"

"ဒီလိုပဲ သိတာပေါ့၊ လွှမ်း ကိတ်မုန့်အရမ်းကြိုက်မှန်း ကိုယ်သိတယ်"

"ခင်ဗျားက အခုလိုကျ တော်သွားပြန်ပြီ၊ ကိတ်မုန့်က ကျွန်တော့်အတွက် ဝယ်လာတာဆိုရင် အဲ့ဒီဘူးကြီးကို ဒီကိုပေး၊ ကိတ်မုန့်စားချင်လာပြီ"

"ရော့ပါဗျာ၊ လွှမ်းအတွက် ဝယ်လာပေးတာ"

မင်းဆက်က ကိတ်မုန့်ဘူးကို လှမ်းပေးလိုက်တာနဲ့ လွှမ်းကလည်း ကိတ်မုန့်ဘူးကို ဆွဲဖွင့်ပြီး စားသည်။ ကိတ်မုန့်ကို အားပါးတရ စား‌နေတော့လည်း ဗင်ဒါလေးကို မြင်နေရတဲ့အတိုင်းပဲ။

"ကိတ်မုန့်ကို ဘာဖြစ်လို့ အဲ့ဒီလောက်ကြိုက်တာလဲ လွှမ်း၊ ပေကျံနေတာပဲ၊ ကလေးလိုပဲ ချစ်စရာကောင်းလိုက်တာ"

မင်းဆက် ပြောသမျှကို လွှမ်းလေးက မဖြေနိုင်ဘူး။ ကိတ်မုန့်ကိုပဲ အဆက်မပြတ် စားနေတာ။ မင်းဆက် ပြုံးကာ ငေါက်ခနဲ မတ်တပ်ထရပ်လိုက်သည်။ လွှမ်းလေးက ပလုပ်ပလောင်း ကိတ်မုန့်စားရင်း မင်းဆက်ကို ခေါင်းမော့ကြည့်လာသည်။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Onde histórias criam vida. Descubra agora