Episode-1

11.8K 571 5
                                    

ခမ်းနားထည်ဝါသောဟိုတယ်ကြီးတွင်

သာယာညိမ့်ညောင်းသောသံစဉ်များ ပျံ့လွင့်နေသည် ~~~

သံစဉ်များထွက်ပေါ်ရာ နေရာကိုကြည့်ပြန်တော့လည်း

လှပစွာ ချိတ်ဆွဲထားသော

မီးဆိုင်းများ, အစီအစဉ်တကျ ပြင်ဆင်ထုံးဖွဲ့ထားသော

အဖြူရောင် Tulip ပန်းများနှင့် သေသပ်စွာ ပြင်ဆင်ထားသော

အဆောင်အယောင်များက

ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲလေး

ဟု သက်သေထူနေပြန်သည်

ထိုသို့ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲ

လေးတွင်

~~ သတို့သမီး ကြွရောက်လာပါပြီ ~~


ပါးလွှသော ဇာပါးလေးကို ခေါင်းပေါ်တွင်

အုပ်မိုးထားသော်လည်း အသွင်အပြင်အားဖြင့် ချစ်ဖို့ကောင်းသည့် သတို့သမီးလေးဟု

ပြောဆို၍ ရနိုင်သည်

သတို့သမီးဝတ်ဆင်ထားသော

ဂါဝန်အဖြူရောင်လေးက

ပေါင်ရင်းနားထိတိုသော်လည်း

ကြည့်ရတာရုပ်မဆိုးသွား

ပေါင်တံဖြူဖြူသွယ်သွယ်လေးကို ပေါ်လွင်စေသည့်

အတွက် ပိုမိုချစ်စဖွယ်ကောင်းနေပြန်သည်

ဖိနပ်မှာလည်း ပြောင်ပြောင်လက်လက်ဖြစ်နေသော

ငွေရောင် ၆လက်မခန့်မျှ မြင့်သည်ကို

ဝတ်ဆင်ထားသေး

သည်

သို့သော် ထိုသတို့သမီးလေးရဲ့ မျက်နှာပေါ် တွင် စိတ်အလိုမကျသည့် မျက်နှာဘေး ~~

လမ်းလျှောက်ပုံက အစ

ညင်သာမှု့မရှိ ဇိုးဇိုးဇက်ဇက် နိုင်ပုံရသည်

ထို့ပြင်လမ်းလျှောက်နေရင်းနဲ့ပင် တချက်တချက်ခြေထောက်

လိမ်လိမ်သွားတတ်သေးသည်

ဒါတင်မက ရင်သားပေါ်လုနီးဖြစ်နေသာ

Love AffairWhere stories live. Discover now