""""""""""""""""""""
ခင်ဗျားကနေရောင်ခြည်လေးနဲ့တူတယ်..
မြင်နေရပေမယ့်
လက်ဆုပ်လက်ကိုင် မပြနိုင်တာမျိုးပေါ့
ငေးကြည့်ရုံသက်သက်တတ်နိုင်တဲ့
ကျွန်တော်လိုလူမျိုးက
ခင်ဗျားရဲ့ဘေးမှာအများအပြားပဲ....
မြို့ထဲမှာပြေးဆွဲနေတဲ့ BTS တွေက
ခင်ဗျားနဲ့တူတယ်...
စီးနင်းသူတွေသာတစ်ယောက်ပြီးတစ်ယောက်မရေမတွက်နိုင်အောင်ပြောင်းလဲသွားမယ်...သူကတော့ ပုံမှန်ပြေးဆွဲလျက်ပဲလေ...
ခင်ဗျားဘေးကတွဲဘက်တွေသာတစ်ယောက်ထွက်သွားတစ်ယောက်ဝင်လာနဲ့...
ခင်ဗျားကတော့ အရင်အတိုင်းအေးစက်မြဲ
ခက်ထန်နေမြဲပဲ...
ထားပါတော့
ဒါတွေကကျွန်တော့ရဲ့ကျဉ်းမြောင်းလှတဲ့
အမြင်တွေလည်းဖြစ်နိုင်ပါတယ်...
ခင်ဗျားကိုနားလည်ပေးဖို့ကြိုးစားတာထက် ဧဝရက်တောင်ကိုပဲပြေးတက်လိုက်ချင်သေးတယ်...
ကံကောင်းရင်မသေမပျောက်နဲ့အောင်မြင်နိုင်ပေမယ့်...
ခင်ဗျားနဲ့ပတ်သက်မိရင်တော့
မသေရင်တောင်အရူးအနှမ်းပဲဖြစ်သွားရလိမ့်မယ်ဆိုတာ ရာနူန်းပြည့်သေချာနေတဲ့ကျွန်တော့အတွက်တော့ လက်တစ်ကမ်းမကတဲ့အကွာအဝေးမှာနေတာကစိတ်အချရဆုံးပဲဖြစ်ပါလိမ့်မယ်...
ကြောက်တာတော့မဟုတ်ရပါခင်ဗျားရေ...
တိတ်တခိုး နာကျင်မိ ရုံပါပဲ..
ခင်ဗျား သတိမထားမိလောက်အောင်
ကျွန်တော့ရဲ့ဖြစ်တည်မှုကသေးငယ်ပါတယ်...
ခင်ဗျားမြင်မှာမဟုတ်တဲ့ အကွာအဝေးသေးသေးလေးကနေ
ခင်ဗျားမမြင်အောင် ခိုးကြည့်ရုံလောက်ပဲ
ကျွန်တော်တတ်နိုင်ပါသေးတယ်....
"""""""""""""""""
ကြည့်ပါဦး....
ငုဝါပန်းပင်အောက်မှာ ရပ်နေတဲ့ခင်ဗျားက
ငုဝါပန်းတွေထက်တောင်တောက်ပနေသေးတယ်...
တဖွဲဖွဲကြွေကျနေတဲ့ အဝါရောင်ပွင့်ဖတ်တွေကြားကခင်ဗျားက
ကျွန်တော့မဖွဲ့တတ်တဲ့ ကဗျာ တစ်ပုဒ်
ငုဝါပန်းက ကျွန်တော်တို့နိုင်ငံကိုကိုယ်စားပြုတဲ့ပန်းဆိုရင်
ခင်ဗျားက ကျွန်တော့ရဲ့စိတ်ဝိဉာဏ်
ကျွန်တော့ရဲ့နှလုံးသားကိုကိုယ်စားပြုတဲ့ချစ်ခြင်းလေး...
YOU ARE READING
How can I forget
Romanceမေ့ပစ်ဖို့ခက်တဲ့အတိတ်တွေထဲမှာ ခင်ဗျား ပါတယ်... ဒါမှမဟုတ် ခင်ဗျားပါနေလို့ပဲ မမေ့ပစ်နိုင်ခဲ့တာများလား.. မညီမျှတဲ့ချစ်ခြင်းက ကျွန်တော့ဘက်ကပဲတဖက်သတ်ဖြစ်တည်တယ်.. ရယူခြင်းကင်းမဲ့ဇုန်မှာ ပေးဆပ်ခြင်းသက်သက်ပဲရှိပေမယ့် ကျွန်တော်ကတော့ပျော်မွေ့တယ်.... ခင်ဗျာြးေ...
