“အယ် လူနာသတိရလာပြီပဲ. ဒေါက်တာ ဆီအကြောင်းကြားပါဦး”

ဘေးကသူနာပြုဆရာမလေးတွေအချင်းချင်းတီးတိုးပြောနေကြရာက များမကြာခင်ပင် ဆရာဝန်တစ်ယောက် ပါလာခဲ့ သည်။ သူ့ကိုစမ်းသပ်စစ်ဆေးကြည့်ပြီးမှ ဆရာဝန်က ပြုံးပြလာကာ

“အားလုံးအဆင်ပြေသွားပါပြီ။ကြီးကြီးမားမားထိခိုက်ထားတာမရှိဘဲ ရက်ရှည်နေလို့ ဒေါက်တာတို့ စိုးရိမ်နေခဲ့တာ.”

“ဟို ဒေါက်တာ- ကျွန်တော် ဘယ်နှစ်ရက်လောက် သတိလစ်နေတာလဲဟင်”

“ရက်ပေါင်း သုံးဆယ်တိတိပါခင်ဗျာ။ဒီနေ့တစ်ရက်တော့စောင့်ကြည့်ပြီးမနက်ဖြန် အိမ်ပြန်လို့ရပါပြီ။ဒီတစ်လော မင်းရဲ့ဆေးရုံစားရိတ်တွေကိုတော့ စေတနာရှင်တစ်ဦးက လှူဒါန်းပေးထားပါတယ်။ကျန်းကျန်းမာမာနေနော်.”

“ကိုနိုင်း-- နိုင်းဆက်ဆိုတဲ့သူရော ဒေါက်တာ ကျွန်တော်နဲ့အတူဆေးရုံရောက်လာတဲ့လူလေ.သူရော..”

“မင်းနဲ့တစ်ချိန်တည်းဆေးရုံရောက်လာတဲ့ လူနှစ်ယောက်ကတော့ ဆင်းသွားပါပြီ။                       လွန်ခဲ့တဲ့တစ်ပတ်လောက်ကထင်တယ်။ နော် ဆရာမ-”

ဆရာဝန်က ဘေးက သူနာပြုဆရာမကိုလှည့်ကာမေးလိုက်တော့ ဆရာမကပါ ခေါင်းညိတ်ပြသည်။လတ်တလောအခြေအနေ ကို သူ နားမလည်နိုင်သေး။နိုင်းဆက် သက်သာကာ ဆေးရုံဆင်းသွားရသည်ဆိုတော့ သူ စိတ်အေးသွားရသေးသည်။
ဆရာဝန်နှင့်သူနာပြုလေးတွေပြန်ထွက်သွားတော့မှ သူ အခန်းထဲ သေချာပြန်ကြည့်လိုက်သည်။သီးသန့်ခန်းလေး တစ်ခန်း ဖြစ် သည်။ ဒါပေမယ့် သူ့ကို ဘာလို့စေတနာရှင်တစ်ဦးက ဆေးရုံစားရိတ်ပေးရတာလဲ။ သူ ဒီလိုဖြစ်နေတာ ဖေဖေ ကမသိလို့ လား။ ပြီးတော့ တကယ်ဆို သူ့နား တစ်ဖဝါးမှတောင်မခွါဘဲရှိနေမှာ ရာနှုန်းပြည့်သေချာနေသည့် နိုင်းဆက်ကရော ဘယ်ရောက် သွားတာလဲ။

ဘေးက ခုံလေးပေါ်က ကြိုးဖုန်းလေးကိုတွေ့သည့်အခါ မှတ်မိနေသည့် နံပါတ်ကို ခေါ်ဆိုလိုက်သည်။သူ့ကိုလာမကြည့်လို့ ဒီတစ်ခါ နိုင်းဆက်ကို စိတ်ဆိုးပါမည်။

တတူတူမြည်နေသော ဖုန်းလေးက အနည်းငယ်ကြာမှ တစ်ဖက်ကကိုင်သည်။

ကိုယ့်အသက်-သူလေးWhere stories live. Discover now