ရီပေါ်ကတော့ ရှောင်ကျန့်အပူလောင်လောင်ချင်းပင်
ရှောင်ကျန့်၏အကျီများအား အလျင်အမြန်ချွတ်ကာ
ဆေးထည့်ရန် ခေါ်သွားမည်အလုပ် .......

"ရှောင်....ရှောင် ကျန့် .....ငါ ....ငါတောင်းပန် ....
မရည်ရွယ် ..."

တုန်ယင်စွာ ပြောနေသော ကျိုး၏စကားမဆုံးသေး
ရှောင်ကျန့်က ကျိုးအားတစ်ချက်စိုက်ကြည့်လိုက်ကာ ...........

"မင်း မရည်ရွယ်လို့ပဲ ကော်ဖီတွေက လင်းမျက်နှာလောင်တော့မယ်လေ ......
ဒါဆို ရည်ရွယ်ရင် ဒီထက်ပိုဆိုးမယ် ထင်တယ် ..." ဟုဆိုကာ ရီပေါ်နှင့်အတူ အခန်းထဲမှ ထွက်သွားသော ရှောင်ကျန့်တို့ကို ကြည့်ရင်း ကျိုးငိုချင်လာသည်။
ထို့ကြောင့် ပါလာသော အိတ်နှင့်အကျီကို ပြန်ဝတ်ကာ ရှောင်ကျန့်အိမ်မှ အရင်ထွက်လာခဲ့လေသည်။

"ကိုကို ! နာနေသေးလာဟင် ? ။ ကလေးမှာ စိတ်ပူသွားတာပဲ ။ ဘာလိုအာ့လိုလုပ်ရတာလဲ ?.....
မတော်တဆ ကြီးကြီးမားမားများ ထိခိုက်ရရင်......"   ဟုဆိုကာ ပြောနေရင်းပင်  အသံတိတ်သွားသော ရီပေါ်ကို ရှောင်ကျန့် မိမိပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ပါးပြင်ပေါ်တွင် ကျနေသော မျက်ရည်တွေကို လက်နှင့်အသာလေး သုတ်ပေးလိုက်လေသည်။

"ဘာလို့ ငိုနေရတာလဲ ? ။ ကိုယ့် ကလေးလေးက အခုနောက်ပိုင်းအရမ်း ဝမ်းနည်းတတ်တာပဲ ။ ကိုယ်
ဘာမှ မဖြစ်ပါဘူးနော် .....အာ့ကြောင့် အရမ်းဝမ်းနည်းမနေနဲ့ ...ဟုတ်ပြီလာ " ဟုဆိုကာ ရီပေါ်အား ရင်ခွင်ထဲထည့်ကာ ဖက်ထားသော ရှောင်ကျန့် ။
ရင်ခွင်ထဲမှ ကောင်လေးကလည်း ချော့လေငိုလေဟု ဆိုရအောင် ချော့ကာမှ ရင်ခွင်ထဲတွင် တအိအိနှင့် ဝမ်နည်းစွာငိုနေလေတော့သည်။

* ကိုကို အာ့မိန်းကလေးအတွက် ပူပန်နေတာကို မြင်ရတာ ကလေးရင်ထဲပူလောင်နေတယ်ဆိုတာ
ကိုကို မသိဘူး ။တစ်နေ့တစ်နေ့ ကိုကို့ဆီက ဂရုစိုက်မှုတွေ လျော့သွားမှာစိုးလို့ ဝမ်းနည်းလည်း  ဟန်ဆောင်ပြုံးနေရတာကို ကိုကိုမသိဘူး........
ကလေး ကိုကို့ကိုအရမ်းချစ်တယ်.....ဆုံးရှံးရမှာ ကြောက်တယ် ...ကိုကို ......."

.....................................................................

‌ကျောင်းပြန်ဖွင့်ပြီးဖြစ်တာကြောင့် ရီပေါ်တို့ မနက်ခင်း  ကျောင်းအတူတူ လာကြလေသည်။လင်းကလည်း ဒီရက်ပိုင်းငြိမ်နေတာကြောင့် ရီပေါ်တို့ စိတ်ကအနည်းငယ် ‌ပျော်ရွှင်နေလေသည်။

BAD BOYWhere stories live. Discover now