Bad Boy - 37

Beginne am Anfang
                                    

"ဟွန့် !! ငါလည်း နင့်ကို သေတောင်မကြိုက်ပါဘူးနော်  "

မင်ယွဲ့ ထွက်သွားတော့မှ အိမ်ထဲတွင် လင်းနှင့်ကျိုးသာ ကျန်ခဲ့လေသည်။

"မင်း မောင့်ကို သဘောကျနေတာမလား ? " ဟုဆိုကာ လက်ထဲမှ ကော်ဖီခွက်အားသောက်ရင်း တည်ငြိမ်စွာ‌မေးလာသော လင်းကို ကျိုးတစ်ချက်ကြောင်ကြည့်နေမိလေသည်။
ထို့နောက် ခဏအကြာမှ အသိပြန်ဝင်လာကာ .......

"အာ့တော့ ရှင်က ‌နောက်ဆုတ်‌ပေးမှာ
မို့လို့လား ? ။"

"ဟား ...ဟား ...မဖြစ်နိုင်ဘူး! ။ မောင့်က တို့အတွက်ပဲလေ .....တို့ပြောချင်တာက
မောင်ကတို့ကိုပဲ ချစ်တဲ့အတွက် မင်း ....နောက် ဆုတ် လိုက် ပါ " ဟုဆိုကာ တစ်လုံးချင်းစီကို အမိန့်သံနှင့် ပြောနေသော လင်းကို ကျိုးတစ်ယောက် စိတ်ပျက်သော ပုံစံဖြင့်ကြည့်လိုက်ကာ ......

"ဟက် !! သူရှင့်ကို ချစ်တယ်ပဲ ထားပါတော့ ....
ဒါမဲ့ ဘယ်လိုလုပ်မလဲ? ။ရှင်ကသူများအခါခါ
‌ခြွေပီးတဲ့ပန်းပဲ .....တန်းဖိုးထားခံရလဲ ခဏပေါ့ ။
အချိန်တန် လွှတ်ပစ်ခံရမှာပဲ ..." ဟုဆိုကာ လင်းအား အထင်သေးသော မျက်ဝန်းများနှင့် ကြည့်ကာ ထိုနေရာမှ ထသွားရန်ပြင်သော ကျိုးကို
လင်းလက်ထဲမှ ကော်ဖီပူပူနှင့် ကျိုးအား ပက်ထည့်လိုက်လေသည်။

ကော်ဖီပူပူက ကျိုး၏ပါးလှပ်လှသော အကျီစကိုဖောက်ကာ ကျိုး၏ညာဘက်လက်မောင်အား ဖိတ်စင်ကုန်လေသည်။ အရမ်းပူသော်လည်း ကျိုးသည် လက်မြန်သူပြီပြီ သူ့ရှေ့မှာရှိသော ကော်ဖီခွက်ဖြင့် လင်း၏မျက်နှာအား ပြန်ပက်လိုက်လေသည်။

သို့သော် ကျိုးပက်လိုက်သော ကော်ဖီပူပူမှာ လင်းအားမထိဘဲ ဘယ်အချိန်က ဝင်ကာလိုက်မှန်းမသိသော ရှောင်ကျန့်၏ နောက်‌ကျောဘက်ကိုသာ ကော်ဖီရည်များ ဖိတ်စင်သွားခဲ့လေသည်။

"ကိုကို!! ...."

"မောင် !! "

" ရှောင် ....ရှောင်ကျန့် !! " ဟုဆိုကာ အံ့ဩတသဖြစ်နေသော ရီပေါ်တို့သုံးယောက် ။

လင်းက မိမိအရှေ့မှ ဝင်ကာပေးသော ရှောင်ကျန့်ကို ကြောင်ကြည့်ကာ ထိုနေရာမှာတင် ကျောက်သားကဲ့သို့ ရပ်နေလေသည်။

BAD BOYWo Geschichten leben. Entdecke jetzt