မဟုတ်မှလွဲ သူပါဒီကိုရောက်နေတာလား။

"မေမီ ကိုမင်းစစ်ကြောင်းကားက
ဘာလို့ ဒီအိမ်ထဲမှာရပ်ထားတာလဲ"

ဖုန်းဆက်နေသည့် မေမီ့အနားကို
ကျွန်တော်အမြန် သွားပြီး မေးတော့
ကျွန်တော့်ကို ပြန်မဖြေနိုင်သေးပဲ
ခဏ ဆိုသည့်သဘောနှင့်လက်
ကာပြသည်။ကိုဝဏ္ဏကိုရောက်လာ
ပြီဖြစ်ကြောင်း အကြောင်းကြားပြီး
မှမေမီက ဖုန်းကိုပိတ်လိုက်ပြီး
ကျွန်တော့်ကိုရယ်ပြနေတဲ့ အဲ့အပြုံးက။

"ငါမေးနေတာ ဖြေအုံးလေ
ကိုမင်းစစ်ကြောင်းကားက ဘာလို့
ဒီမှာရပ်ထားတာလည်းလို့။သူဒီကို
ရောက်နေတာလား"

"အော် ကိုစစ်ကြောင်းက သူ့ကားကို
သူ့အိမ်ထဲမှာ ရပ်ထားတာ ဆန်းလား"

"ဘာ!!"

ကျွန်တော် အော်လိုက်တဲ့အသံ
ဘယ်လောက်ကျယ်သွားသည်မသိ။
မေမီ လန့်သွားသည့်ပုံစံနဲ့
လုပ်ပြပြီး မျက်နှာက ကျွန်တော့်ကို
ကြည့်ကာအနားကပ်လာပြီး ပြုံးစိစိနှင့်။

"ကိုကြီးကို အိမ်ထိ လာပိုးတဲ့
ဆုလာဘ်လေး ပါပေါ့"

"မေမီ နင် နင်"

ကျွန်တော် ရုတ်တရက် ဆွံ့အပြီး
စိတ်တို လာတာကြောင့်စကား
ဆက်မပြောနိုင်။ကျွန်တော့်ကိုပြော
တုန်းကကျ ရည်မွန်နဲ့ကိုဝဏ္ဏကို
ပေးတွေ့ဖို့ကိုဝဏ္ဏကို သူ့အိမ်မှာ
သွားခေါ်ပြီး ရည်မွန်အဘွားအိမ်ကို
သွားကြမယ်လို့ပဲပြောခဲ့တာ။

ကိုမင်းစစ်ကြောင်း အိမ်ကိုလာမယ်
မှန်းသာသိရင် ကျွန်တော်လုံးဝ
မလိုက်လာဘူး။

"မေမီနင်ပြောတော့ ကိုဝဏ္ဏကို
ရည်မွန်နဲ့ပေးတွေ့ဖို့သူ့အိမ်မှာ
သွားခေါ်ရမှာဆို အခုဘာလို့
ကိုမင်းစစ်ကြောင်း အိမ်ကိုလာတာလဲ"

"ဟီး ငါနင့်ကိုပြောဖို့မေ့နေတာ။
မနေ့ညက ကိုစစ်ကြောင်းအိမ်မှာ
သူ့သူငယ်ချင်းတွေ အဖွဲ့ကျပြီး
လာအိပ်တယ်လေ။ကိုစစ်ကြောင်းက
တစ်ယောက်တည်းနေတော့ သူ့
သူငယ်ချင်းတွေက ကိုစစ်ကြောင်း
အိမ်မှာ ဒီလိုပဲဝင်ထွက်နေကြပဲ။
တခြား သူတွေကတော့ပြန်သွားကြပြီ။
အဲ့တာ ကိုဝဏ္ဏက ဒီမနက်ငါ့ကို
ဒီကိုပဲ လာခိုင်းထားတာ"

Reward[Him From Final Year]Where stories live. Discover now