"အင်း"
ဝမ်ရိပေါ်က ရှောင်းကျန့်ဆီက ရုန်းထွက်သွားတယ်။
ရှောင်းကျန့်ကိုယ်ကိုခွာပြီး ဝမ်ရိပေါ်မျက်နှာကိုငုံ့ကြည့်တယ်။
ပြောင်းလဲသွားတဲ့အခြေအနေတစ်ချို့အတွက် ဝမ်ရိပေါ်ဆီမှာခံစားချက်ရှိနေမယ်ဆိုတာ သူနားလည်တယ်။ ကုမ္မဏီမှာ အချိန်ပြည့်မျက်နှာမြင်နေရပေမဲ့ နှစ်ယောက်ကြားမှာ အရင်ကလောက်ယုယထွေးပွေ့မှုမပေးနိုင်တဲ့အချိန်တွေ များလာတယ်။...........................................
ဝမ်ရိပေါ်က အိမ်ဝင်ပေါက်တံခါးကို ဂျိန်းခနဲအသံမြည်အောင် ဆွဲပိတ်လိုက်တယ်။ ရှောင်းကျန့်က အပေါ်ထပ်ကဆင်းလာပြီး အောက်ထပ်ကပြူတင်းပေါက်တွေကို လိုက်ပိတ်နေတယ်။ ဗြုန်းစားကြီးရွာချတဲ့မိုးက လေနဲ့ရောပြီး အငြိုးတကြီးရွာနေတာမို့ သူတို့နှစ်ယောက်ရုတ်တရက်အလုပ်များသွားရတာပဲ။
Phone Ring....
"ကော..ဖုန်းလာနေတယ်"
မေမေဆိုတဲ့နာမည်ကို ရိပေါ်မြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ ကျန့်ကောရဲ့အမေက ပြန်လာဖို့ခေါ်တာဖြစ်နေမလား။
ရှောင်းကျန့်ဖုန်းကိုင်တဲ့အခါ သူမသိမသာနားစွင့်မိတယ်။"ဟုတ်"
"အင်း..ရတယ် မေမေ..မနက်ဖြန် သွားပေးမယ်"
"အာ..မိုးရွာနေတာနဲ့ပဲ~~"
"ဟုတ်"
ရှောင်းကျန့်က ဖုန်းကိုခုံပေါ်ပြန်တင်ပြီး ရိပေါ်ဘေးမှာဝင်ထိုင်တယ်။ ဝမ်ရိပေါ် အသံတိတ်သက်ပြင်းချတယ်။
"ကဲ..ဘာလုပ်ကြမလဲ?"
ဝမ်ရိပေါ်က ပြန်မဖြေပဲ တီဗွီထဖွင့်တယ်။
ရေခဲသေတ္တာထဲမှာအဆင်သင့်ရှိနေတဲ့ ဘီယာဗူးတွေယူလာပြီး ရှောင်းကျန့်ဘေးမှာ ပြန်ထိုင်တယ်။"တီဗွီကြည့်တာပေါ့"
မေးခွန်းနဲ့အဖြေကြားမှာ နှစ်မိနစ်လောက်အချိန်ကြာသွားမယ် ထင်တယ်။ ဘီယာကိုတစ်ငုံသောက်ပြီး ရှောင်းကျန့်ပြုံးတယ်။
အကြောင်းရင်းက ဝမ်ရိပေါ်ကြောင့်ပဲ။
ရိပေါ်ရဲ့မျက်လုံးတွေ ပါဝါတိုးလာတယ်ထင်တယ်။
ဒီလောက်အကွာအဝေးလေးကို မျက်မှောင်ကြုတ်ပြီးကြည့်နေတာမို့ ရှောင်းကျန့်လက်ညှိုးနဲ့လက်မက ဝမ်ရိပေါ်ရဲ့မျက်ခုံးတွေပေါ်ရောက်သွားတယ်။ အာရုံပျက်သွားတာမို့ ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်က သူ့ဘက်လှည့်လာတယ်။
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)
part 16
Start from the beginning