"ဘာလဲ"

ဝင့်ကြည့်နေတဲ့မျက်လုံးတွေက အရောင်လဲ့နေပေမဲ့ နှုတ်ခမ်းကတင်းတင်းစေ့ထားတဲ့အခါ အမူအရာကိုခန့်မှန်းဖို့ မလွယ်ကူဘူး။ ရှောင်းကျန့် ချောင်းတစ်ချက် ဟန့်လိုက်မိတယ်။

"ရေချိုးမလို့လေ"

စကားကိုပုံမှန်လိုပြောပြီး အခန်းထဲဝင်လိုက်တော့ ဝမ်ရိပေါ်ကမျက်ခုံးပင့်ပြီးလမ်းဖယ်ပေးတယ်။
အပေါ်ထပ်အကျီင်္ကကြယ်သီးတွေကို တစ်လုံးချင်းဖြုတ်နေတဲ့ ရှောင်းကျန့်ဘေးမှာရပ်ပြီး လက်ဆစ်တွေကိုတဖြောက်ဖြောက်ချိုးနေပုံကိုကြည့်မိတော့ အသံထွက်မရယ်မိအောင်ထိန်းလိုက်ရတယ်။

နှစ်ယောက်သား ကတောက်ကဆဖြစ်ပြီးတဲ့အချိန်တိုင်းမှာ ပြေရာပြေကြောင်းစကားစ,ပြောရသူက အမြဲတမ်းရှောင်းကျန့်ပဲ။ အောက်ကျနောက်ကျနိုင်တယ်လို့ မတွေးနိုင်လောက်အောင် ဝမ်ရိပေါ်ရဲ့မအီမသာအမူအရာတွေက ချစ်စရာကောင်းသလို၊ သနားစရာလေးလည်းဖြစ်နေတတ်တယ်လို့ ရှောင်းကျန့်ကထင်တယ်။

"ပြောစရာရှိလို့လား?"

ရယ်ချင်စိတ်ကိုထိန်းနိုင်ပေမဲ့ ပြုံးစိစိဖြစ်ချင်နေတဲ့နှုတ်ခမ်းတွေကိုတော့မထိန်းနိုင်ဘူး။ လှည့်ကြည့်ပြီးမေးတဲ့အခါ အကြောင်းမဲ့လျှာသပ်လိုက်တယ်။ ထူးထူးဆန်းဆန်းနဲ့ ယောက်ျားဆန်တဲ့ဆွဲဆောင်မှုတွေ ရိပေါ်ဆီမှာအများကြီးပဲ... ရှောင်းကျန့်ငေးခနဲဖြစ်သွားတယ်။

"အဲ့လို လာမကြည့်နဲ့"

"..ဘာဖြစ်လို့လဲ ချစ်လို့လေ"

ဝမ်ရိပေါ်က စိတ်ညစ်ညူးဟန် နှာခေါင်းရှုံ့ပြတယ်။
သဘောကျသွားတာကိုဖုံးကွယ်ပြီး ခပ်တည်တည်လုပ်နေတဲ့ရိပေါ်က သူ့ကိုအရမ်းချစ်တယ်ဆိုတာ ရှောင်းကျန့်သိတယ်။
ပုခုံးနဲ့ခါးကိုသိမ်းဖက်လိုက်တဲ့အချိန် ခန္ဓာကိုယ်ပါးပါးက စွေ့ခနဲပါလာတယ်။ ဆံပင်ဖွာဖွာတွေဆီက ခေါင်းလျှော်ရည်နံ့သင်းသင်း ရနေတယ်။ ပခုံးပေါ်မေးတင်လိုက်တဲ့အချိန်မှာ မဆိုသလောက်စွဲနေတဲ့စီးကရက်နံ့ကို သတိထားမိတယ်။

"ဘေဘီ ပိန်သွားတယ်"

"ထင်လို့ပါ"

"ညဘက်တွေ ကောင်းကောင်းအိပ်ရဲ့လား?"

Crazy Something (Completed)Where stories live. Discover now