"ကလေး ကိုယ့်ကို ဆိုးနိုင်ပါတယ်.......
အပြစ်လည်း တင်နိုင်ပါတယ် ။ အခုကစပြီး ကလေးစေလိုရာ ကိုယ်နာခံမှာမို့လို့  ကလေးကကိုယ့်ကိုထွက်သွားလို့ ‌မပြောခင်ထိ ကလေးနားကကိုယ်ထွက်သွားမှာ မဟုတ်ဘူး........
ဒါကိုတော့ ကလေးယုံပေးပါ ...." ဟုဆိုကာ ရီပေါ်၏ညာဘက် နားထင်လေးအား နမ်း‌လိုက်တော့ ရီပေါ်ဆီမှ တိုးရှသောလေသံဖြင့် ......

"ကိုကို သိပ်ချစ်တယ် " လို့ ပြောလာခဲ့လေသည်။

"အင်း .....ကိုယ်လည်း အရမ်းချစ်တယ် " ဟုဆိုကာ
ရှောင်ကျန့်တစ်ယောက် ရီ‌ပေါ်ကိုယ်လေးကို ရင်ခွင်ထဲ နစ်ဝင်အောင် ဖက်ထားလိုက်လေသည်။

.......................................................................

" ကလေး ! ဘာတွေချက်ပြုတ်နေတာလဲ ?
အနံ့တွေက မွှေးနေရော "ဟုဆိုကာ အိပ်မှုံစုံဖွားနှင့်
မေးနေသော ရှောင်ကျန့်ကို မီးဖိုချောင်မှ လင်းက .....

"ဒီမှာလေး မောင်ရဲ့ မောင်ကြိုက်တဲ့ ငါးဟင်းလေးချက်ထားတယ် ။ အရင်ကဆို မ
ချက်တဲ့ ငါးဟင်းဆို မောင်သိပ်ကြိုက်တာ မလား ? " ဟုဆိုကာ ပြောပြောဆိုဆိုနှင့် ဟင်းအိုးမီးပိတ်ကာ ရှောင်ကျန့်ဆီသို့ အောင်နိုင်သူအပြုံးနှင့် လျှောက်လာသောလင်းကို ရှောင်ကျန့်အနောက်မှ ရပ်နေသော ရီ‌ပေါ်က မျက်မှောင်ကြီးကြုံ့ကာ ကြည့်နေလေသည်။

"လာ ! လာ စားလေ မောင်ရဲ့ ။ ရီပေါ်လေးလည်း
လာစားလေ .....ကျောင်းသွားရ‌တော့မယ်မလား ? "
ဟုဆိုကာ ရှောင်ကျန့်နဲ့ရီပေါ်အတွက် ခုံလေးဆွဲကာ
ဟင်ခူးခတ်ပေးနေသော လင်းမှာ ရှောင်ကျန့်အမြင်တွင် တကယ်စိတ်နှလုံးသား ပြည့်ဝသော အိမ်ထောင်ရှင်မိန်းကလေးတစ်ဦး ဖြစ်နေလေသည်။

"ငါးဟင်းချည်းပဲလား ? ....ဒါက ကလေးစားမတတ်ဘူး ။ ဒါမဲ့ ရပါတယ် ကိုယ် အရိုးနွှင်ကျွေးမယ် .....ဟုတ်ပြီလား ? " ဟုဆိုကာ ရှောင်ကျန့်တစ်ယောက်  ပန်းကန်ထဲမှ ငါးအပိုင်းလေးအား အသားနွှင်၍ ရီပေါ်အား တစ်လုပ်ချင်းစီ ခွံ့ကျွေးနေလေသည်။
ထိုမြင်ကွင်းကို မြင်နေရ‌သော လင်းမှာလည်း အံကို ကြိတ်ကာ စားပွဲ‌ခုံအောက်တွင် လက်သီးကိုတင်းတင်းဆုပ်ထားလေသည်။

BAD BOYWhere stories live. Discover now