Unicode

133 11 0
                                    

"Falling in love"
Yibo side

ဒီနေ့လဲရိပေါ်အိမ်ကထွက်လာရင်းတွေးမိတယ်...  ဒီမြို့ကိုပြောင်းလာတာမကြာသေးတဲ့သူ့အတွက်အရာရာဟာ အသစ်အဆန်းတွေပဲဖြစ်တယ်... တောင်ပေါ်မြို့လေးမို့ အေးချမ်းတယ်...၊သာယာတယ်...၊ ဒီလိုအရာတွေကိုပဲ ရိပေါ်သဘောကျတာဖြစ်လို့ သူပြောင်းလာခဲ့တာ...
တောင်ပေါ်ဒေသရဲ့ ချမ်းစိမ့်စိမ့်အအေးဓာတ်လေးကို ရိပေါ်သဘောကျတယ်... မနက်ခင်းမှာလမ်းလျှောက်ရင်း အိမ်နီးချင်းတွေကိုပြုံးပြနှုတ်ဆက်ရတာကို သဘောကျတယ်...ဒီတောင်ပေါ်မြို့လေးမှာ သူသဘောကျတဲ့အရာတွေအများကြီးရှိတယ်...
သူသေဘာအက်ဆုံးကေတာ့ လမ်းထိပ်က Heaven ကိတ်မုန့်ဆိုင်လေးပဲ အေးချမ်းတဲ့မြို့လေးမှာ ဒီကိတ်မုန့်ဆိုင်ပိုင်ရှင်လေးကသူ့ကို နွေးထွေးစေခဲ့တာ....
လွန်ခဲ့တဲ့ တစ္ပတ္က......
အချက်အပြုတ်သိပ်မတတ်တဲ့သူအတွက်အပြင်စာ၀ယ်စားဖြစ်တာ မ်ားတယ္လို့ဆိုရမလား အချိုသိပ်မစားပေမဲ့ အနီးမွာရွိတာ ကိတ်မုန့်ဆိုင်လေးပဲမလို့ ၀င်၀ယ်ဖို့ဆုံးဖြတ်ခဲ့တယ်။ဘယ်သူသိနိုင်မလဲ သူ့ဘ၀ရဲ့နွေးထွေးမှုလေးက ဒီဆိုင်ထဲမှာရှိတယ်ဆိုတာ.....
မြင်မြင်ခြင်းအချစ်ကိုမယုံကြည်တတ်တဲ့သူက ထိုလူသားလေးကိုတော့ မြင်မြင်ခြင်း ချစ်မိခဲ့တယ် ....
ယောကျာ်းလေးတစ်ယောက်ကိုလှတယ်လို့ မပြောသင့်ပေမဲ့
ထိုလူသားလေးက လှတာထက်ကိုပိုနေတာ ပြုံးလိုက်ရင်ပေါ်လာတဲ့ ယုန်သွားလေးရှိတဲ့အပြင် သူ့ကိုမင်သက်မိစေတာကတော့ နှုတ်ခမ်းအောက်ကမှည့်နက်လေးပဲ..ဒါကြောင့်လဲ အချိုမကြိုက်တဲ့သူက ကိတ်မုန့်တွေကိုတစ်ပတ်လုံးလုံး သွား၀ယ်နေမိခဲ့တာ.......
သူတွေးရင်နဲ့လာခဲ့တာ Heaven ကိတ်ဆိုင်လေးတောင်နီးနေပြီ.
ဆိုင်လာတဲ့လမ်းတစ်လျောက်မှာ "Dandilion " ပင်လေးတွေရှိတယ် သူတစ်ပွင့်ကိုခူးလိုက်ပြီး "Dandilion " စေ့လေးတွေကို ကိတ်မုန့်ဆိုင်လေးဘက်ကိုမှုတ်လိုက်တယ်........
"Dandilion" စေ့လေးတွေကိုလေထဲမှုတ်လိုက်ရင် "Dandilion"စေ့လေးတွေက ဆန္ဒတစ်ခုကိုဖြည့်ပေးတယ်တဲ့..
သူ့ဆန္ဒကတော့ သူမြတ်နိုးရတဲ့ထိုလူသားလေး သူ့ကိုချစ်လာဖို့ပင်.........
ဆိုင်ထဲ၀င်လိုက်တော့ ဆိုင်ရှင်လေးကသူ့မူပိုင်အပြုံးလေးနဲ့
နှုတ်ဆက်တယ် ထိုအပြုံးကြောင့်ပဲ သူချစ်ခဲ့မိတာမလား....
အင်း သူလာတိုင်းပြုံးပြနေကြဆိုပေမယ့် အဲ့အပြုံးတွေမြင်ရတိုင်း ရင်ဘတ်ကိုဆူးလိုနက့်နက့်နဲနဲထိတယ်...နောက်ဆိုရင် သူ့တစ်ယောက်တည်းကိုပဲ ပြုံးပြဖို့ပြောထားရမယ် ... အင်း ပြောပိုင်ခွင့်ရှိလာရင်ပေါ့...။
ဒီနေ့တော့ အရဲစွန့်ပြီးစကားပြောမယ် စဉ်းစားတုန်း သူ့ယုန်လေးကပဲ စမေးလာတယ် ဒီမြို့ကိုပြောင်းလာတာလား၊ဒီရပ်ကွက်မှာပဲနေတာလားစသဖြင့်မေးနေပေမဲ့ ကျွန်တော်ဖြေမိတာက နာမည်ဘယ်လိုခေါ်လဲလို့ .....ယုန်လေးကကြောင်သွားပုံရတယ် ပြီးမှ နာမည်ကရှောင်းကျန့်ဖြစ်ပြီး သူ့ထက်အသက်ခြောက်နှစ်ကြီးမှန်းသိခဲ့ရတယ်။
ဒီလိုနဲ့သူ့ဘ၀ထဲကို ရှောင်းကျန့်ဆိုတဲ့လူသားလေးတစ်ယောက်ဟာ သူကဝင်ခွင့်ပေးပါလို့မတောင်းဆိုပေမယ့် ကျနော်ကိုယ်တိုင်ကရင်ဘတ်ထဲ၀င်ရောက်စေခဲ့တယ်...နှလုံးသားထဲမှာ ရှောင်းကျန့်ဆိုတဲ့နာမည်ကို ကမ္ဗည်းထိုးရင်းပေါ့...။
အခုတစ်လောသူပိုပျော်မိတယ် သူ့ယုန်လေး အဲ   သူ့ကျန့်ကောနဲ့ကခင်သွားပြီလေ ဆိုင်သွားရင်အရင်လို ငေးနေတဲ့
အဆင့်မဟုတ်တော့ဘူး တစ်ခါတစ်လေ မုန့််ကူရောင်းပေးတာ
ဆိုင်ခင်းကူတာ၊ဆိုင်သိမ်းရင်အိမ်ထိလိုက်ပို့နိုင်ခဲ့ပြီလေ.... အိမ်ပြန်လမ်းကဆန့်ကျင်ဘက်ဆိုပေမယ့်လို့ အတူတူလေလျှာက်ရမှပိုသာယာသလိုလိုပဲ...
သူ့ယုန်လေးကဘယ်လိုနေလဲမသိပေမဲ့ ဒီကောင့်မှာတစ်ရက်
တစ်ခြားအချစ်တွေပိုတိုးလာခဲ့ရပြီ...။
တခါတခါကျရင် ဂျုံမှုန်တေပေနေတဲ့လက်ကြီးနဲ့သူ့ပါးကိုလာလာဖဲ့တဲ့ကျန့်ကောကို အပြစ်ပေးတဲ့အနေနဲ့ ဆွဲနမ်းပစ်ချင်မိတယ်... ဟူး စိတ်ထိန်း..၊စိတ်ထိန်း ဆိုပြီးတဖက်လှည့်လိုက်ရင် စိတ်ဆိုးတယ်ထင်ပြီး မရမကလိုက်ချော့တဲ့ယုန်ကြီးကို ကိုက်စားပစ်ချင်မိတာတွေလဲ မနည်းဘူး... ဒါတွေလဲကျန့်ကောကသိမှာမဟုတ်ပါဘူး... ဒီလိုအတွေးတွေဝင်ရင် သူအားငယ်မိတယ်... ရှောင်းကျန့်ကယောက်ျားလေး ၊ သူလဲယောကျ်ားလေး... သူသာဖွင့်ပြောလိုက်ရင် မုန်းသွားမှာလား? အရင်လိုပြုံးမပြတော့ရင်ရော...? တွေ့တာသိပ်မကြာသေးပေမယ့် ရှောင်းကျန့်ဆိုတဲ့လူသားက သူ့နှလုံးသားထဲထိတိုး၀င်တယ်... ဒါဟာလူတွေပြောပြောနေတဲ့ အချစ်ဟာဖြေရှင်းဖို့ခက်တယ်ဆိုတဲ့အရာဖြစ်မယ်...။
ဒီနေ့သူ ကျန့်ကောကို "Lilac" ပန်းလေးလက်ဆောင်ပေးဖို့
ယူလာခဲ့တယ်။ "Lilac" ပန်းလေးရဲ့အဓိပ္ပါယ်က အချစ်ဦးတဲ့
သူ့ဘ၀အတွက် ကျန့်ကောက အခ်စ္ဆိုတဲ့ခံစားခ်က္ကို ဦးဆုံးဖြစ်ပေါ်စေတဲ့ လူတစ်ယောက်ပဲလေ......
ကျွန်တော့်အချစ်ကို ကျန့်ကောသိအောင် ထုတ်ပြနေပေမဲ့
ကျန့်ကောမမြင်နိုင်မှာလဲ စိုးရိမ္မိတယ္ဗ်ာ.....။
ကျွန်တော်ပေးတဲ့ "Lilac"ပန်းပင်လေးကတော့ ကျန့်ကောရဲ့
နှလုံးသားထဲနေရာယူမယူ မသိရေပမဲ့ ဆိုင်ရဲ့ကောင်တာပေါ်
မှာတော့ နေရာယူရင်းပေါ့.......
အဲ့နေ့က ပန်းတန်ဖိုးအဖြစ် သူ့အတွက်အထူးပြုလုပ်ပေးတဲ့
ကျန့်ကော့ရဲ့ စတော်ဘယ်ရီကိတ်လေးကတော့ ကျွန်တော့်အတွက်တန်ဖိုးဖြတ်မရတဲ့ အရာတစ်ခုပဲလေ........
ကျွန်တော့်အဖြစ်က နေကြာပန်းလေးနဲ့တောင်တူနေသလိုပဲ..
နေကြာပန်းလေးတွေက နေမင်းကြီးရှိရာအရပ်ကိုပဲ မျက်နှာမူ
နေတတ်ပြီး အမြဲမျှော်ကြည့်နေတတ်တယ်တဲ့......

Falling in Love ( One short)Where stories live. Discover now