အပိုင်း-၂၈

691 101 30
                                    


"အမြင့်တက်ဖို့ကြံနေတဲ့ ဇာတ်လိုက်မ!"



ပုံမှန်ဆိုလျင် အနမ်းခံရ၍ ထွက်ပြေးသည့် ထိုဇာတ်ကွက်က ဇာတ်လိုက်နှင့် ဇာတ်လိုက်မ၏ ကဗျာဆန်လှသော ဇာတ်ကွက်ကလေးဖြစ်နိုင်သော်ငြား ဗီလိန်ဇာတ်ကောင်လေး ဆယ်ဟွန်းမှာ ရှန်းရင်တောင်ထွဋ်မှသည် အော်ဆဲရင်းပြေးဆင်းနေလေခြင်းဖြင့်  ကဗျာဆန်မှုအလုံးစုံကို ဖျက်စီးလျက်ရှိ၏။ လရောင်အောက်၌ အလှကလေးတစ်ဦး ရှက်ရမ်းရမ်း၍ ပြေးနေသည်က အင်မတန်နူးညံ့သိမ်မွေ့ကာ လှပနေလွန်းသည်ဟု သင်ထင်မှတ်နေခဲ့လျင် အမှားကြီးမှားနေပေလိမ့်မည်။ သင်မမေ့ရမည်က ဤသည်မှာ အိုဆယ်ဟွန်းဖြစ်နေခြင်းကိုပင်……။

သူဝတ်ဆင်ထားခဲ့သော ဝတ်ရုံကို ခြေသလုံးပေါ်သည်ထိ မပြေးရင်း ဆံပင်တွေက ဖွာလန်ကြဲကာ လမ်း၌ခလုပ်တိုက်ကာ ကျွမ်းသုံးပြန်ပစ်ခဲ့သေးသည်ကိုလည်း မမေ့လေနှင့်။ ဆယ်ဟွန်းမှာ  အလှတရားဟူသည် စိုးစဉ်းဟူသည်မရှိတော့ နှုတ်ခမ်းပါးလျလျကမူ "အယုတ္တ အညတ္တစကားများ "မိုးမွှန်အောင် ထွက်ပေါ်လျက် …………။ အကယ်၍ ထိုအနီးအနား၌ လူသာရှိခဲ့ပါမူ ဆယ်ဟွန်း၏ဤသို့သော အဆဲတေးသံသာကို နားဆင်ရမည်ဖြစ်၏။

"သောက်ကျိုးတွေနည်းကုန်ပြီ။ ငါကသူ့ရဲဘော်ရဲဖက်ဖြစ်ချင်တာလေ ကော်ရီးက ဘာလို့ထနမ်းတာတုန်း။ ချီးပဲ။ သူပါကွေးကုန်တာလား လောကကြီးတစ်ခုလုံး ပျက်စီးနေပါပြီ!!!"

"အဲ့ဒါ စာရေးဆရာကောင်ကြောင့်ဖြစ်တာ သောက်ကောင်ရေ မင်းတစ်မိသားစုလုံးကို လက်ခလယ်ပဲကွာ !!    ချန်းလျဲ့လည်းလက်ခလယ်ပဲ။ ကျုံးရိနျဉ်လည်း လက်ခလယ်သာယူကြ !!"

ဆယ်ဟွန်းမှာပါးစပ်ကဆဲနေသလောက် ရင်ထဲမှာတော့ မျက်ရည်မိုးစွေနေပြီဖြစ်သည်။ မည်သူကထင်ထားမည်နည်း။ သူ၏သူငယ်ချင်းကောင်းကြီးက သူ့အပေါ် ဟိုလိုလိုသည်လိုလိုစိတ်ရှိနေသည်မှန်း……။
ဆယ်ဟွန်းမှာ  ကျုံးရိနျဉ်၏သာမာန်ထက် ပိုသွားသော အကောင်းမြင်စိတ်၌ ပျော်လည်းမပျော်နိုင်……။ မျက်ရည်ခိုးသုတ်ရင်း ဘဝ၏အဓိပ္ပာယ်ကို တွေးတောနေမိ၏။ မိုးမခသစ်တော ဟွားရှီဆောင်ဘက်ပြန်ရောက်သည့်အခါ  ဆော့ကစားနေကြသော သူ၏သားငယ်နှင့်အားရင်းလေးကိုပင် မနှုတ်ဆက်နိုင်……။ ဧည့်ခန်းဆောင်ထိုင်ခုံ၌  မှောက်ရက်သား အားပြတ်စွာ ပြိုလဲသွားရသည့် အိုဆယ်ဟွန်း……။ အားချင့်ကမူ မူမမှန်သည့်သခင်၏အဖြစ်အား  အူတူတူလေးဖြင့်ကြည့်ရှုလျက်……။  ဟေးရှောင်ဟူကမူ ဆယ်ဟွန်း၏ပုံစံအား ကြည့်ရှုကာမဲ့ပြုံးတစ်ပွင့်ဖြင့် ယပ်တောင်တဖျတ်ဖျတ်ခပ်လျက်ရှိ၏။

||Perfection of Villainess ||Όπου ζουν οι ιστορίες. Ανακάλυψε τώρα