614(one short)

914 135 5
                                        

{Unicode}

614(One Short)

baekhyun စာရေးခုံပေါ် မေးလေးတင်ပြီး ပြတင်းပေါက်ကနေ မိုးရေစက်တွေကိုရေတွက်နေမိသည်။

မိုးသံဟာတဖြောက်ဖြောက်ကြားနေရပြီး ကောင်းကင်ကြီးတစ်ခုလုံးမှိုင်းညှို့နေသည်။

မီးခိုးရောင်တိမ်တိုက်တွေဟာ လေနှင်ရာကိုရွေ့လျားနေသည်။

baekhyun တိမ်တွေကိုပုံဖော်နေမိသည်။သူမြင်ရသည့်ပုံတွေသည် တစ်စုံတစ်ယောက်၏ ရီမောမှုတွေ ဟန်ပန်အမူအရာတွေ သူ့ကိုဂရုစိုက်ခဲ့မှုတွေ သာဖြစ်သည်။ရီလိုက်တိုင်း ပါးချိုင့်လေးတစ်ခုက ထင်နေကာ လောကတွင် ပြီးပြည့်စုံသောလူသားဟုပင် သူထင်ခဲ့သည်။

ရင်နစ်အောင်ချစ်ခဲ့ရသော ပြီးပြည့်စုံသောလူသားသည် သူ့လက်ကိုတွဲဖို့ သတ္တိမရှိခဲ့ပါပေ။

အခုဆိုရင် သူတို့လမ်းခွဲခဲ့တာ ၁လ တိတိရှိခဲ့လေပြီ။သူပျော်ရွှင်နေရဲ့လား?သူရွေးချယ်ခဲ့သည့်မိန်းကလေးက သူ့ကိုဂရုစိုက်ရဲ့လား?သူ့ကိုကော အလိုလိုက်ရဲ့လား?အရမ်းတွေစိတ်ကောက်ပြနေမလား?ကိုယ့်တုန်းက စိတ်ကောက်ရင်တောင်မချော့ခဲ့တဲ့လူက အခုကော စိတ်ရှည်လက်ရှည်ပြန်ချော့နေမလား?ဒါမှဟုတ်ပစ်ထားလေမလား?

မိုးရေစက်သံကြားတိုင်း အတွေးတွေဟာ ထပ်တိုးလာခဲ့သည်။လွမ်းရလွန်းလို့ သေရပါတော့မည်ဟု ပြောလျှင် အပိုတွေဖြစ်နေမလား။တစ်ခါတစ်လေလောက်လေး ကိုယ်ချစ်သလောက် ကိုယ့်ကိုပြန်ချစ်စေချင်သည်။

လူတွေက ပြောကြတယ် ကိုယ့်ကိုချစ်တဲ့လူကိုပဲရွေးပါတဲ့။မချစ်တဲ့သူကို မရွေးချယ်ပါနဲ့တဲ့။

အပြောကတော့သိပ်လွယ်တယ်။ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကချစ်တဲ့သူ ထပ်တူမကျတဲ့အခါ နာကျင်ရတာဘယ်သူဖြစ်မလဲ။နှလုံးသားကိုစေခိုင်းလို့မှမရတာ။

အခုပဲကြည့်လေ။ထားရက်နိုင်ခဲ့သူကြီးကို အမှတ်မရှိလွမ်းနေမိပြန်သည်။ဒီလိုနေ့ဆိုပိုပြီးလွမ်းတယ်။

14.6.2019 ဆိုတဲ့နေ့စွဲလေးက အမှန်တစ်ကယ်တော့ ကိုယ်တွေနှစ်ယောက်ချစ်သူဖြစ်ခဲ့သည့် နေ့လေး။တစ်လပြည့် ၊ နှစ်လပြည့် anniversity တွေအလီလီပြုလုပ်ခဲ့ပြီးနောက် တစ်နစ်ပြည့်မှာလည်း ဘာလိုအမှတ်တရမျိုးတွေဖန်တီးမလဲဆိုပြီး တိုင်ပင်ထားခဲ့တာ။အခုတော့ တိုင်ပင်ထားခဲ့သလိုမဖြစ်လာပဲ တစ်ယောက်တစ်နေရာစီ လွမ်းနေရပါပြီ။အမှန်တော့ကိုယ်ကပဲလွမ်းနေတာပါ။သူက လွမ်းနေမှာမှမဟုတ်တာ။

You've reached the end of published parts.

⏰ Last updated: Sep 08, 2023 ⏰

Add this story to your Library to get notified about new parts!

614(One Short)Where stories live. Discover now