အပိုင်း ၁၇ (Final)

Start from the beginning
                                    

ဒီကောင်ဖုန်းဆက်ပြီးတောင်ကြိုမပြောဘူး

"နေ့လည်စာတူတူစားရင်းတွေ့လိုက်တာရက်လဲရွေးပြီးသွားပြီ သူတို့သားကိုတော့ဒီညပြောပြလိုက်မယ်တဲ့ မနက်ဖြန်သားတို့2ယောက်ဖိတ်စာသွားရိုက်ကျတော့ ဝတ်စုံနဲ့လက်စွပ်ကိုလဲတခါထဲရွေးဝယ်ခဲ့ကျ ညပိုင်းကျရင်တော့ဖေဖေသူတို့မိသားစုကိုdinnerဖိတ်ထားတယ်"

"ဖေဖေတစ်ရက်ထဲနဲ့ဖိတ်စာရောလက်စွပ်ရောဝတ်စုံရောလုပ်ဖို့ကအဆင်မပြေဘူး"

"အဲ့ဒါဆိုဖိတ်စာအရင်ရိုက်လိုက်လေ နောက်နေ့ကျမှဝတ်စုံနဲ့လက်စွပ်သွားကြည့်ကျပေါ့ မင်္ဂလာပွဲကနောက်တစ်ပတ်Sundayမှာ"

"ဖေဖေဘာလို့အဲ့လောက်လောနေတာလဲ
ဒီနေ့မှရောက်တာကို"

"မင်းကမကြိုက်လို့လား မြန်မြန်ပြီးတော့မကောင်းဘူးလား ငါလဲပြန်ချင်နေပြီ အသက်လုံးကအိမ်ထမင်းအိမ်ဟင်းပဲစားလာတာမင်းဆီရောက်မှအပြင်ကမှာစားနေရတယ် ငါကြာကြာမနေနိုင်ဘူးဒီမှာ"

"ဖေဖေ
ကျေးဇူးတင်ပါတယ် သားကိုအမြဲနားလည်ပေးလို့"

ဖေဖေ့ကိုဖက်ကာစကားဆိုလိုက်သည်။

"ဖေဖေ့သားကြီးပျော်ရင်ပြီးရော"

★★★★★★★★★★★★★★★

ကျွန်တော်မရှိတဲ့တစ်လအတွင်းကအလုပ်တွေကိုပြန်လုပ်နေရင်း ကလေးဆီကဖုန်းဝင်လာသည်။နာရီကြည့်လိုက်တော့11နာရီရှိပြီ။အလုပ်တွေကိုခနရပ်ကာဖုန်းကိုင်လိုက်သည်။

"ဟလိုကလေး မအိပ်သေးဘူးလား
ကိုကို10နာရီအိပ်ဖို့မှာထားတာကို စကားနားမထောင်ဘူးပေါ့"

"ခဗျားကြီးဘာလို့သားကိုကြိုမပြောတာလဲ"

"ဟမ်....
အော် ကလေးသိသွားပြီလား
ကိုကိုကကြိုမပြောတာမဟုတ်ပါဘူးကွာ
ကိုကိုတောင်မနက်က ကလေးဆီကပြန်လာမှသိတာ"

"အော်"

"အော်မနေနဲ့ အခုသိပြီဆိုတော့အိပ်တော့
မနက်စောစောကိုကိုလာခေါ်မယ် ဖိတ်စာသွားရိုက်ကအောင်"

"သားကျောင်းသွားရအုံးမှာ"

ဟုတ်သားမနက်ဖြန်တနင်္လာပဲ

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now