ရှင်းချန်က "မင်းမမှားပါဘူး " ဟု စကားထောက်လိုက်မှသာ .......အမူးသမားလေး ရီပေါ်က သူ့ရင်ထဲတွင် တင်းကြပ်နေသည့် ခံစားချက်အကြောင်းကို စတင်ရင်ဖွင့်လေသည်။

"မင်းသိလားဟာ ?....လူကြီးကလေ ငါ့..ငါ့ကို မချစ်ဘူး ။သူ သူကလေ ငါသူ့ကို ပေး......‌ပေးထားတဲ့ ပထမဆုံး ‌မွေးနေ့လက်ဆောင်
Suit လေးကိုလေ သူ ...သူ မီးနဲ့ရှို့ပစ်တယ်ဟာ .....
ငါ ငါမြင်လိုက်ရတာ ငါ့နှလုံးသားတွေ လောင်ကျွမ်းသွားသလိုပဲကွာ .......ငါ ငါ လူကြီးကို အရမ်းချစ်နေမိပြီးဟာ .......အရင်က သံယောဇဉ်လို့ ထင်ခဲ့ပေမဲ့ အခုက လူကြီးလုပ်လိုက်တဲ့ အရာသေးသေးလေးကအစ ငါ့ကိုအရမ်းခံစားရစေတယ်......." ဟုဆိုကာ ငိုနေရင်း လဲကျသွားသော ရီပေါ်ကြောင့် ရှင်းချန်တစ်‌ယောက် သက်ပြင်းတစ်ချက်အား အသာချလိုက်လေသည်။

မနက်အိပ်ယာနိုးတော့ ရှောင်ကျန့်မိမိဘေးနားတွင် အမူးလွန်ပြီး အိပ်ပျော်နေသော ရီပေါ်ကိုကြည့်ကာ
တစ်ချက်ပြုံးလိုက်မိလေသည်။အမူးလေး ၊ အမူးပါးလေး အိပ်နေတာတောင် ချစ်စရာလေး ။
အမူးပါးလေးက မူးနေမှ ရင်ထဲရှိတာအကုန်
ပြောပြပြီး မမူးရင်တော့ ဟန်ဆောင်ကောင်းချက် အကယ်ဒမီ ရှုံးတယ် ....."ဟုဆိုရင်း ရီပေါ်၏နဖူးလေးအား အနမ်းပေးတော့ .......

ပွင့်လာတဲ့ မျက်ခွံလေးထဲမှ မျက်လုံးနက်နက်လေးက
ရှောင်ကျန့်၏အပြုအမူတိုင်းကို တစ်ခွန်းမှ မဟဘဲ သေချာလိုက်ကြည့်နေလေသည်။

ထို့နောက် လက်ချောင်းသွယ်သွယ်လေးများဖြင့် ရှောင်ကျန့်၏ မျက်နှာလေးအား ကိုင်ကာ........

"လူကြီး ! ဒါအိမ်မက်လားဟင် ??....."

"အိမ်မက် မဟုတ်ဘူး တကယ့်လက်တွေ့  ..." ဟုဆိုကာ ရီပေါ်၏နှုတ်ခမ်းသားများအား နမ်းလိုက်သော ရှောင်ကျန့်။ရီပေါ်လည်း ရှောင်ကျန့်၏အနမ်းတို့ကို ပြန်လည်တုံ့ပြန်ကာ ခဏအကြာ ရီပေါ်မိမိပါးစပ်ထဲဝင်လာသော ရှောင်ကျန့်၏ လျှာဖျားလေးအား ကိုက်ထည့်လိုက်လေသည်။

ထို့ကြောင့် အလန့်တကြားဖြစ်သွားသော ရှောင်ကျန့်က အနမ်းတို့ကို ခဏရပ်ကာ ရီပေါ် အား ငုတ်တုပ်ထိုင်ကြည့်လိုက်လေသည်။တစ်ဆက်တည်းမှာပင် ရီပေါ်ပါ ရှောင်ကျန့်နီးတူ ထထိုင်လိုက်ပြီး
ရှောင်ကျန့်ကိုလည်း ဝမ်းနည်းမျက်စောင်းကြီးနှင့် ကြည့်ကာ  ရှောင်ကျန့်မျက်နှာအား လက်သီးနှင့်  ထိုးထည့်လိုက်လေသည်။

BAD BOYWhere stories live. Discover now