Chapter 22 ( Unicode)

13.2K 1.1K 67
                                    

လွှမ်းသည် ကျောင်းကပြန်ရောက်တာနဲ့ ရေမိုးချိုးပြီးတာနဲ့ အိမ်ရှေ့လမ်းထဲမှာ စကိတ်စီး လေ့ကျင့်သည်။ စကိတ်မစီးတာကြာပြီဆိုတော့ လိမ်ဖယ်ကွေ့ကောက်နေအောင် မစီးနိုင်သေး။ နှေးနှေးနှင့် လဲမကျအောင်ဘဲ ပြန်စီးနိုင်သေးသည်။

*တီး တီး..*

ဟွန်းတီးလာသော ကားက Alphard အဖြူရောင်။ ကားမောင်းသူက ကိုထိုက်ဆိုပေမယ့် ဘေးခုံမှာ ထိုင်လိုက်လာသူက ဦးဆက်အောင်နိုင်။ ဖေဖေ့အစ်ကို ဖြစ်နေလို့ လွှမ်းရဲ့ဘကြီး။ လွှမ်းလည်း ဘကြီးကို ပြုံးပြလိုက်သည်။ ညမှောင်မှ လွှမ်းသည် စကိတ်စီး တာကိုရပ်ကာ ခြံထဲပြန်ဝင်လာလိုက်သည်။ အိမ်ထဲမဝင်သေးဘဲ ဒန်းပေါ်မှာ ထိုင်ကာ လေညင်းခံနေလိုက်သည်။

"လွှမ်း စကိတ်ပြန်စီးနေတာလား"

"အင်း"

အသံကြားလိုက်လို့ ခေါင်းမော့ကြည့်လိုက်တော့ ကိုထိုက်ဖြစ်နေသည်။ ဒန်းအနောက်ဘက်ကနေ လွှမ်းရဲ့ပခုံးကို သိုင်းဖက်လာသည်။ လွှမ်းက သူ့လက်ကို ဖယ်ထုတ်လိုက်တဲ့အခါ သဘောတကျနဲ့ ပြုံးရယ်ကာ လွှမ်းရဲ့ဘေးမှာ လာဝင်ထိုင်သည်။

"ဘကြီးက အိမ်ကို လာလည်တာလား"

"လေးလေးနဲ့ အလုပ်ကိစ္စ ပြောစရာရှိလို့"

"ဘကြီးနဲ့ ဖေဖေက လုပ်နေတဲ့အလုပ်မှ မတူတာ"

"လွှမ်း မသိသေးတာရှိတယ်၊ အဲ့ဒီကိစ္စကို ဆွေးနွေးနေကြတာ"

လွှမ်းလည်း ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်သည်။ ဘကြီးရဲ့လာရင်းကိစ္စကို လွှမ်း ရိပ်မိသည်။ ဖေဖေက ဘကြီးအကူအညီနဲ့ လုပ်ငန်းမှာ ငွေရင်းနှီးထားတာ အများကြီးရှိသည်။ လုပ်ငန်းလည်ပတ်နေတဲ့ ငွေရဲ့ ၄၀ % က ဘကြီးအကူအညီနဲ့ လှည့်နေတဲ့ ငွေတွေပဲ။ ဘကြီးက ဖေဖေ့ဆီမှာ ပိုက်ဆံလာပြန်ထုတ်တာလား။ ဖေဖေကသာ စီးပွားရေးအခြေအနေကို အိမ်ကိုဘာမှ မပြောပြတာ။ မေမေနှင့် လွှမ်းတို့က သိသင့်သလောက်တော့လည်း သိပါသည်။

"လွှမ်းကို ပေးစရာရှိလို့"

လွှမ်းက အိမ်ထဲပြန်ဝင်တော့မလို့ ဒန်းပေါ်မှာ ဆက်မထိုင်တော့ဘဲ မတ်တပ်ထရပ်လိုက်ချိန်မှာ ကိုထိုက်က လွှမ်းကို အသွားမခံဘဲ လက်တစ်ဖက်ကို ပြန်ဆွဲထား သည်။ ပေးစရာရှိလို့တဲ့။

ဗင်ဒါလေးရဲ့မူပိုင်ရှင် [Completed]Where stories live. Discover now