Chapter 1.1(Unicode)

93.6K 4.2K 387
                                    


"ဥက္ကဋ္ဌလီ လေယာဉ်ထွက်ခွာဖို့ အဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေး လေယာဉ်ပေါ်တက်လို့ရပါပြီ"

ငိုက်မျဉ်းနေသော လီရှော့ သည် မျက်လုံးများ ဖွင့်လိုက်ရင်း လေယာဉ်ဧည့်ခန်းရှိ အစောင့်ကောင်လေးကို ခေါင်းငြိမ့်ကာပြုံးပြလိုက်သည်။

"ကျေးဇူးပါပဲ"

သူသည် ဖုန်းကိုထုတ်ယူလိုက်ရင်းမှ မျက်လုံးများက သူ့ရဲ့ဖုန်းမှ နိုတီဖီကေးရှင်းများကို စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။ messageတွေ အကုန်လုံးက အလုပ်ကအကြောင်းရာတွေသာဖြစ်ပြီး သူမြင်ချင်သော နာမည်နဲ့စာဟူ၍တစ်ခုမှမရှိချေ။

သူသည် လက်ဆွဲအိတ်ကို မ,ယူလိုက်ကာ အပေါ်အင်္ကျီကိုဖြင့် လက်ပေါ်မှာ လွှားလိုက်သည်။သူ့ရဲ့ ခြေတံရှည်များဖြင့် ခပ်အေးအေးပင် ထွက်ခွာရာဂိတ်ဆီသို့ လျောက်လာခဲ့ပါ၏။ အောက်ကိုငုံ့ကြည့်နေရင်းမှ သူသည် တစ်စုံတစ်ယောက်ထံ စာပို့လိုက်သည်။

"ချန်းရှို့ ..မင်းအလုပ်မှာလား"

"အင်း အစ်ကိုလီ။ အစ်ကိုခုထိလေယာဉ်ပေါ်မရောက်သေးဘူးလား"

"သွားနေတုန်းပဲ။ မင်းဘာတွေလုပ်နေလဲ"

"ရီပို့စ်တွေအတွက် ပြင်ဆင်နေတာ"

"ခဏနေရင် လေယာဉ်ထွက်တော့မှာ။ ဆယ်နာရီကျော်ကျော်လောက်ထိ ကိုယ်ဖုန်းသုံးလို့ရမှာ မဟုတ်ဘူး။ မင်းကိုယ့်ကိုလွမ်းနေမှာလား?"

သူသည် တစ်ဖက်လူက အနေရခက်နေတဲ့အမူအယာလေးနဲ့ ရှက်သွေးတောင်ဖြာနေမယ့်အကြောင်းကိုတွေးမိသွားတော့ မနေနိုင်စွာပင် ပြုံးမိသွားရသည်။

တစ်ခဏလောက်ကြာတော့မှ စာတစ်စောင်ဝင်လာသည်။

"လွမ်းနေမှာပါ"

နှစ်ယောက်သားကြားတွင် ဖုန်းဖြင့် ခြားထားသော်လည်း လီရှော့သည် တစ်ဖက်လူက ဒီစာရိုက်နေချိန်မှာ ရှက်ရွံ့သောအမူအယာလေးနဲ့ သတိထားကာ ဂရုတစိုက်ပြုမူနေမှာကို မြင်ယောင်ကြည့်လို့ရနေသည်။သူသည် ပျော်ရွှင်နေသော စိတ်အခံနှင့်ပင် လေယာဉ်ပေါ်တက်ကာ စကားအနည်းငယ်ပြောပြီးတဲ့နောက် ဖုန်းပိတ်လိုက်တော့သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now