"ဘာလို့လဲ ဟင်??....ဘာလို့ ဒီအကျီကိုမီးရှို့ ဖျက်စီးရတာတုန်း !!..."ဟုဆိုကာ ရီပေါ် တစ်ယောက်  ရှောင်ကျန့်အား
အော်လိုက်လေသည်။

"ဘာဖြစ်လို့လဲ ဆိုတော့ ......
မလိုချင်တော့လို့လေ ......ဘာဖြစ်လို့ သည်းကြီးမဲကြီး အော်နေရတာလဲ ကလေး....
ဒါအကျီတစ်ထည်ပဲဟာ .....ကလေးကြိုက်ရင် ကုန်တိုက်တစ်ခုလုံးလည်း ကိုယ်ဝယ်ပေးနိုင်တယ်.." ဟုဆိုကာ ရှောင်ကျန့်က ပျက်ရယ်ပြုစွာပြောတော့ ............

ရီပေါ်က ‌အံကိုကြိတ်ကာ .......

"ဒါက ဘယ်လိုအကျီလည်း ဆိုတာ လူကြီးသိရဲ့သားနဲ့
ဘာလို့ အာ့လိုစကားမျိုး လူကြီးပြောရက်တာလဲ ??...." ဟုရီပေါ်က အသံမာမာနှင့် ပြောတော့ .....

ရှောင်ကျန့်က "ဟက် " ကနဲနှင့် တစ်ချက်ရယ်လိုက်ကာ.........

"ပြောပါဦး.....ကလေးပြော
ဘယ်လို တန်ဖိုးကြီးအကျီမလို့လဲ ??...." ဟုဆိုကာ ရှောင်ကျန့်က ရွဲ့သလိုပုံစံနှင့်မေးတော့ .....

ရီပေါ်က ဒေါ်သထွက်ကာ အံကိုကြိတ်ထားပြီး .......

"ဒါက ခင်ဗျားမွေးနေ့အတွက် ကျွန်တော်ဝယ်ပေးတဲ့ပထမဆုံး အကျီလေ .....
ခင်ဗျားဘာလို့ ....ဒီလို ဖျက်ဆီး.." ရီပေါ်စကားပင် မဆုံးသေး ။

ရှောင်ကျန်တစ်ယောက် အနီးအနားတွင် ရှိနေသော အိမ်တိုင်ကြီးအား လက်သီးဖြင့်ခပ်ကြမ်းကြမ်းလေး ထိုးလိုက်လေသည်။အသံက အလွန်ကျယ်တာကြောင့် ရှောင်ကျန့်လက်အတော်နာသွားသည်မှာ တွေးကြည့်ယုံနှင့် သိနိုင်သည်။ထိုသို့ ရှောင်ကျန့်၏ အပြုအမူများကြောင့်  ရီပေါ်ပြောရမည့်စကားတို့သည် လေထဲမှာပင် ပျောက်ရှကုန်သည်။အစောပိုင်းက ဝမ်းနည်းနေသော အာရုံသည် ယခုအခါ ရှောင်ကျန့်၏လက်ကိုသာ စိုးရိမ်နေလေသည်။

"လူကြီး ဘာလို့ထိုးလိုက်တာလဲ ??....လက်နာသွားမှာပေါ့ ...." ဟုဆိုကာ
ရီပေါ်က ရှောင်ကျန့်၏ ဒဏ်ရာကို ကြည့်ရန် အနားသွားတော့ ရှောင်ကျန့်က အခြားလက်ဖြင့် တားလိုက်ကာ.........

"သိသေးသားပဲ ။ဒါကိုယ့်အတွက် မင်းဝယ်ပေးထားတဲ့ အကျီလေးဆိုတာ ။အာ့အကျီလေးကို  ကိုယ်ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ ကလေးအသိဆုံး။ဒါနဲ့များ ဘာကြောင့် အခြားသူရဲ့ ကိုယ်ကို ခြုံစေဖို့ ပေးရတာလဲ ကလေး.......ဘေးနားမှာ ရှိတဲ့ကိုယ့်ကိုတစ်ချက်လေး မတိုင်ပင်ပါပဲနဲ့
ကလေးစိတ်ဖြောင့်ဖြောင့် ပေးလိုက်နိုင်တာ ကိုယ်အံ့ဩတယ်.......အရမ်းတော်တယ် ။
ဒါပေမဲ့ ကလေးဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကိုယ်တို့အိမ်ထောင်ရေးက တည်မယ်မထင်ဘူး...."ဟုဆိုကာ ကျချင်နေသော မျက်ရည်များအား ထိန်းချုပ်ကာ အိမ်ထဲဝင်သွားသော ရှောင်ကျန့်။

BAD BOYМесто, где живут истории. Откройте их для себя