ထိုအခါတွင် ပါးစပ်ဟောင်းလောင်းလေးနှင့် ရီပေါ်ကို ကြည့်နေသူမှာ မင်ယွဲ့ ။ရှောင်ကျန့်ကို ကြည့်တော့လည်း မေးကြောများထောင်သည်အထိ  အံကို ကြိတ်ထားကာ ကားစတီယာတိုင်ကိုလည်း  တင်းတင်းကြပ်ကြပ် ဖိကိုင်ထားလေသည်။

ထို ကိစ္စကြောင့် ရှောင်ကျန့်တစ်ယောက် စိတ်မကြည်မှန်း မင်ယွဲ့ သတိထားမိပါသည်။
သို့သော် သတိမထားမိသူမှာ အမောင်ရီပေါ် ။
ရီပေါ်ကို အကျီကိုယူပြီး ‌ပေးလိုက်ကတည်းက မျက်တောင်မခတ်တမ်း သေချာကြည့်နေသော ရှောင်ကျန့်။ရှောင်ကျန့်တစ်ယောက် ရီပေါ်ကို ချစ်လွန်း၍သာ ဘာမှမပြောသော်လည်း ရင်ထဲတွင် စစ်ဖြစ်နေသည်မှာ ရီပေါ်တစ်ယောက်ကလွဲလျှင် ကားထဲမှ ထိုင်နေသည့် လူအကုန်လုံး သတိထားမိပါသည်။

ရှောင်ကျန့်တစ်ယောက် ကျိုးနဲ့ မင်ယွဲ့ကို အိမ်အသီးသီးဝင်ပို့ပြီးတဲ့နောက်တွင် မိမိတို့အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။အိမ်ပြန်လမ်း တစ်လျှောက်လုံးတွင် ‌ ရှောင်ကျန့်က ရီပေါ်ကို စကားလုံးဝမပြောသည့်အပြင် ရီပေါ်လက်ကိုလည်း အစောပိုင်းကလို မဆုပ်ကိုင်ထားတော့ပေ။
အိမ်ပြန်ရောက်ရောက်ချင်းတွင်လည်း ရှောင်ကျန့်က
သူ၏suit အား ယူကာ ရီပေါ်ကိုပင် မစောင့်တော့ပဲ ကားပေါ်မှအမြန်ဆင်းသွားလေသည်။

ရီပေါ်လည်း ရှောင်ကျန့်တစ်ခုခုဖြစ်နေသည်ဟု ထင်ကာ ရှောင်ကျန့်အနောက်မှ အမြန်ပြေးလိုက်သွားလေသည်။
ရှောင်ကျန့်က ကား‌ပေါ်ကဆင်းဆင်းချင်း အိမ်ခန်းထဲမှ မီးခြစ်အား ယူလာကာ အိမ်ပြင်သို့ ပြေးထွက်သွားခဲ့လေသည်။ရီပေါ်က  ရှောင်ကျန့်ဘာလုပ်မလို့လဲ  ဟု သိချင်သဖြင့် နောက်မှာထပ်လိုက်ကြည့်ရာ.......

တွေ့ လိုက်ရသည်က ........

"လူကြီး!!!!!...."

ရီပေါ်၏အော်ခေါ်သံကိုပင် ဂရုမစိုက်တော့ဘဲ ရှောင်ကျန့်တစ်ယောက် သူမနက်ကဝတ်ထားသော suit လေးအား မီးထိုင်ရှို့နေလေသည်။
မီးလောင်နေသော suit လေးအား ရေဖြင့်လောင်းကာ ပြန်ကောက်နေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏မျက်ခုံးတို့ တွန့် ‌ခေါက်သွားခဲ့‌လေသည်။ထို့နောက်  ရီပေါ်က အကျီလေးအား သေချာကိုင်ကာ မျက်ရည်များဝဲနေသော မျက်ဝန်းများဖြင့် ရှောင်ကျန့်အားမော့ကြည့်လိုက်ပြီး.......

BAD BOYWhere stories live. Discover now